Photo Credit
Unicode ဖြင့်ဖတ်ရန်
ရန်ကုန် – ပြည် အမြန်လမ်းပေါ်မှာ ကားအက်ဆီးဒင့် ဖြစ်ခဲ့တဲ့ သရုပ်ဆောင် မိုးပြည့်ပြည့်မောင်
သရုပ်ဆောင် မိုးပြည့်ပြည့်မောင် ကားဟာ ရန်ကုန် – ပြည် အမြန်လမ်းမှာ ကားဆက်ဆီးဒင့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ကားအရှေ့ပိုင်းတော်တော် ထိခိုက်သွားတာတွေ့ရပါတယ်။ ယာဉ်မောင်း၊ မိုးပြည့်ပြည့်မောင် နဲ့ မိုးပြည့်ပြည့်မောင် အမေကတော့ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
“သရုပ်ဆောင် မိုးပြည့်ပြည့်မောင် စီးလာသော ကားသည် ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင် ၁၁၄ အရောက်
တွက် ရှေ့ဘီးပေါက်ကာ လမ်းဘေးသစ်ပင်အား ဝင်
တိုက်မိ။ ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် သားအမိနှစ်ယောက်လုံး ထိခိုက်မှု မရှိကြောင်း သိရပါသည်။Photo- လင်းသစ်မာန်//Co@sanmin” လို့ Lwin Oo ဆိုတဲ့ ဖေ့ဘွတ်အကောင့်မှာ တင်ထားတာတွေ့ရပါတယ်။
သရုပ်ဆောင် မိုးပြည့်ပြည့်မောင်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောပြထားခြင်း မရှိပါဘူး။ မိုးပြည့်ပြည့် မောင်ကို ချစ်တဲ့ ပရိသတ်တွေကတော့ စိုးရိမ်လို့ မေးထားတာတွေကိုလဲ comment မှ တဆင့်တွေ့ရပါတယ်။
Related posts