




Unicode ဖြင့်ဖတ်ရန်

================

ကန်စွန်းရွက်နဲ့ကျန်းမာရေး
ဒီကနေ့မှာတော့ အသီးအရွက်တွေထဲကမှ ကန်စွန်းရွက်ရဲ့အကြောင်းကိုပြောပြပေးသွားမှာ ဖြစ်ပါ တယ်။ကန်စွန်းရွက်ကို အများဆုံးကကြော်စားကြသလို ၊ ချက်စားတာပဲဖြစ်ဖြစ် ၊ သုပ်စားတာပဲဖြစ်ဖြစ် စားသောက်တတ် ကြပါတယ်။ဒါကြောင့် ကန်စွန်းရွက်ကမိမိတို့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဘယ်လိုအထော က်အကူပြုလဲဆိုတာကို Pissaya News ပရိတ်သတ်ကြီးအတွက်ပြန်လည် ဝေမျှပေး လိုက်ပါတယ်။
ကန်စွန်းရွက်စားသုံးခြင်းဖြင့်ရရှိလာတဲ့ကျန်းမာရေး အကျိုးကျေးဇူးများ
– ခန္ဓာကိုယ်အလေးချိန်ကိုကျစေပါတယ်။
– သံဓါတ်ကိုရရှိစေပါတယ်။
– ဝမ်းချုပ်တာကိုလည်းကင်းဝေးစေပါတယ်။
– မျက်လုံးအာရုံကိုကောင်းမွန်စေပါတယ်။
– နှလုံးကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်။
– သွေးဖိအားအတက်အကျကိုထိန်းပေးနိုင်ပါတယ်။
– ဆီးရွှင်ခြင်းကိုအထောက်အကူပြုပါတယ်။
– အရေပြားဆဲလ်တွေအသစ်ပြန်လည်ဖြစ်ဖို့အတွက် ကူညီပေးတယ်။
– အမာရွတ်ကျန်ခြင်းကိုလည်းသက်သာစေပါတယ်။
အထက်ပါအချက်တွေကတော့ ကန်စွန်းရွက်စားသုံးခြင်းဖြင့် ရရှိလာတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေ ဖြစ်တာကြောင့် Pissaya News ပရိတ်သတ်ကြီးအတွက် ဗဟုသုတအဖြစ်ပြန်လည်ဝေမျှပေးလိုက်ပါ တယ်။

#Pissaya_Health

Related posts