




Unicode ဖြင့်ဖတ်ရန်

===============

မွန်ပြည်နယ်အတွက် ကိုယ်တိုင်အလှူခံသွားမယ့် ရုပ်ရှင်သရုပ်ဆောင်ညီနန္ဒ
ရုပ်ရှင်ဗွီဒီယိုသရုပ်ဆောင်ညီနန္ဒကတော့ မွန်ပြည်နယ်အတွက် နှလုံးလှလူငယ်ပရဟိတအဖွဲ့နဲ့အတူ ကိုယ်တိုင်သီချင်းဆို ဖျော်ဖြေ သွားမှာ ဖြစ်ပြီး အလှူခံသွားမှာဖြစ်ကြောင်း သူရဲ့လူမှုကွန်ယက် စာမျက် နှာမှာရေးသားဖော်ပြထားပါတယ်။
အဆိုပါအဖွဲ့နဲ့အတူ ညီနန္ဒ ၊ ဖြိုးကျော်ထိုက် နဲ့ ခိုင်နှင်းဝေစတဲ့အနုပညာရှင်များစွာ ပါဝင်ဖျော်ဖြေကာ အလှူခံသွားမှာဖြစ်ကြောင်းသိရပါတယ်။
သြဂုတ်လ (၁၉)ရက်နေ့မှ(၂၄)ရက်နေ့ထိ မိုးကုတ်မြို့၊ မန္တလေး ၊ ပြင်ဦးလွင် ၊ ပင်းတယနဲ့တောင် ကြီးတို့မှာသီဆိုဖျော်ဖြေ အလှူခံသွားမှာဖြစ်ကြောင်း သိရပါတယ်။
ရရှိပြီးတဲ့အလှူငွေများကိုလည်း နှလုံးလှလူငယ်ပရဟိတအဖွဲ့နဲ့အတူ မွန်ပြည်နယ်ရဲ့ လိုအပ်တဲ့နေရာ များအထိ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းသွားမှာဖြစ်ကြောင်းသိရပါတယ်။

#Pissaya_Entertainment

Related posts