ခြေထောက်လှလှလေးကို ပိုင်ဆိုင်ဖို့အတွက် သဘာဝနည်းလမ်းကောင်း

လိုအပ်တဲ့ပစ္စည်းလေးတွေကတော့

သံပုရာသီး ၃ လုံး

ပျားရည်နှစ်ဇွန်း

ရေချိုးဆပ်ပြာ ခရင်မ် လက်တစ်ခုပ်

စားတဲ့ဆော်ဒါ ၃ ဇွန်း

မကျည်းသီး တစ်လုံး

ရေနွေးအဖြူ

ရေအေး

ပါဝင်တဲ့ ပစ္စည်းတွေ အားလုံးကို ရောထည့်လိုက်ပါ။

ရေအပူအအေးကိုတော့ကိုယ့်ခြေထောက်ခံနိုင်သလောက် ခြေခုံမြုပ်လောက်အောင်ထည့်ပါ။

ပြီးရင် ခြေထောက်ကို ၁ နာရီစိမ်ပါ။

သံပုရာဖတ်ကလေးတွေနဲ့ ခြေသည်း ခြေခုံအစရှိတာလေးတွေတိုက်ပေးပါ။

ဘရက်နုနုလေးနဲ့တိုက်ပေးနေလဲပိုကောင်းပါတယ်

ရေအေးသွားရင် ရေနွေးနည်းနည်းထပ်ရောလို့ရပါတယ်။

မိနစ် ၃၀ ပြည့်ရင် ခြေထောက်ထုတ် ရေဆေးချပြီး moisture lotion ဖြစ်ဖြစ် သံလွင်ဆီဖြစ်ဖြစ် လိမ်းပေးထားပါ။

တစ်ပတ် တစ်ကြိမ်လောက်အနည်းဆုံးလုပ်ပေးပါ။

ခြေထောက်ကလေးပိုင်ဆိုင်နိုင်ပြီ ဖြစ်ပါတယ်။

Related posts