တောင်ပြိုကျခဲ့တဲ့ ကျေးရွာများအတွက် အရေးဖော်ကယ်ဆယ်ရေးလုပ်နေတဲ့ ဝေဠုကျော်အဖွဲ့သားများ

ဝေဠုကျော်ကတော့ သူ့ရဲ့  ဖောင်ဒေးရှင်းနဲ့ အတူ တောင်ပြိုကျတဲ့ ဒေသများသို့ အရေးပေါ် ကယ်ဆယ်ရေး လုပ်နေတာ တွေ့ရပါတယ်။

လက်ရှိမှာ သေဆုံးသူ ၂၀ ကျော်တွေ့ရှိထားပြီ ဖြစ်ပြီး အိမ် ၁၇ လုံး နဲ့ ကားများတောင်ပြိုမြေစာခဲများအောက် ရောက်ရှိသွားတယ်လို့ သူ့ ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ အခုလိုရေးထားတာတွေ့ရပါတယ်။

“သေဆုံးသူ ၂၀ ကျော်တွေ့ရှိထားပြီး ဆက်လက် ရှာဖွေနေဆဲ တောင်ပြိုကျ၍ ကားများအိမ်များ မြေအောက်ရောက်သွားသော မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ တွင် နိင်ငံတော်အစိုး ရ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍  WLK #ဝေဠုကျော်အဖွဲ့သားများမှ ရှာဖွေကယ်ဆယ်ရေးများ ကို ဝိုင်းဝန်းကူညီပေးနေပါတယ်။

တကယ့်ကို မထင်မှတ်စရာ သဘာဝဘေးဆိုးကြီးပါ အိမ် ၁၇ လုံးနှင့် ကားများတောင်ပြိုမြေ စာခဲများအောက် ရောက်သွားတာပါ။ ကားနှင့် အိမ်များထဲမှာ လူများစွာပါသွား ပါတယ်။ လက်ရှိ ယနေ့ တူးဖော်မှုမှာတော့ သုံးဘီးဆိုင် ကယ်ဘေးတွဲနှင့် ပိတ်မိနေသော အသက်သေ
ဆုံးနေပြီဖြစ်သည့် ကလေးအလောင်းကို ဆွဲ ထုတ်နိင်ရန် ကယ်ဆယ်ရေးများက တူးဖော် နေတာပါ။” လို့ ရေးထားပါတယ်။

မွန်ပြည်နယ်၊ ပေါင်မြို့  နယ် သဲဖြူကုန်းကျေးရွာမှာ မိုးများစွာ ရွာသွန်းမှုကြောင့် တောင်ပြိုကျပြီး အသေအပျောက်များနေတယ်လို့ သိရပါတယ်။

Photo Credit

Related posts