



Unicode ဖြင့်ဖတ်ရန်

=================

မွေးနေ့မှာစတုဒီသာအလှူအတန်းနဲ့ငွေသားတွေလှူဒါန်းပြုလုပ်ခဲ့တဲ့ ဖွေးဖွေး
ရုပ်ရှင်ဗွီဒီယိုသရုပ်ဆောင် ဖွေးဖွေးကတော့ မနေ့ကမွေးနေ့မှာ စတုဒီသာအလှူအတန်းနဲ့ ငွေသား တွေလှူဒါန်းပြုလုပ်ခဲ့ကြောင်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြထားကြောင်းသိရ ပါတယ်။
သူမရဲ့မွေးနေ့မှာ သီးစုံပဲကုလားဟင်း လူ(၅၀၀)စာကိုစတုဒီသာအဖြစ်လှူဒါန်းခဲ့ပြီး မာမီကွတ်ခိုးကိုး ရာမဲ့ကိုယ်ဝန် ဆောင်များစောင့်ရှောက်ရေး ဂေဟာကို ငွေသား(၁၁)သိန်းနဲ့ မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံးစက်မှုအလွှာအတွက် ဆန်၊ဆီ၊ဆားအလှူငွေသိန်း(၂၀)ကို မွေးနေ့အမှတ်တရအဖြစ်လှူဒါန်းခဲ့ တာဖြစ်ကြောင်းသိရပါတယ်။
သြဂုတ်လ(၉)ရက်နေ့ကတော့ ရုပ်ရှင်ဗွီဒီယိုသရုပ်ဆောင်ဖွေးဖွေး ရဲ့(၃၁)နှစ်ပြည့်မွေးနေ့ဖြစ်ကြောင်း သိရပါတယ်။

#Pissaya_Entertainment

Related posts