Unicode ဖြင့်ဖတ်ရန်
=================
ကစားသမားဘဝကနေ ဒီယေဂို ဖော်လန် အနားယူ
==============
ဥရုဂွေး အသင်းခေါင်းဆောင်ဟောင်း ဝါရင့်ကစားသမား ဒီယေဂိုဖော်လန်ဟာ ကစားသမားဘဝကနေ အနားယူသွားပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာချိန်မှာ ဒီယေဂို ဖော်လန်ဟာ အသက် ၄၀ ရှိနေပြီလည်း ဖြစ်ပါတယ်။
ဖော်လန်ဟာမန်ချက်စတာယူနိုက်တက်၊ ဗလင်စီယာ၊ အက်သလက်တီကို မက်ဒရစ်နဲ့ အင်တာမီလန် တို့လို ဥရောပ အသင်းကြီးတွေနဲ့လည်း အောင်မြင်မှုတွေ အများအပြားရရှိထားခဲ့သူလည်းဖြစ်ပါတယ်။
#Pissaya_Sport