Unicode ဖြင့်ဖတ်ရန်
မဟာဗောဓိတထောင်ဘုရားကြီးမှာ လူအားငွေအားနဲ့ ကုသိုလ်ပြုလုပ်ခဲ့တဲ့ ခန့်စည်သူ
==================================================
သရုပ်ဆောင် ခန့်စည်သူဟာ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူမြတ်စွာ ဘုရားကြီး ဘက်စုံ တည်ဆောက်ရေးအတွက် လူအား ငွေအားနဲ့ ကုသိုလ် ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။
သူပြုလိုက်တာကုသိုလ်ကို (၇)၇က် သား၊ သမီး များ သာဓုခေါ်စေနိုင်ရန်အတွက် သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာ မှာ အခုလိုရေးထားတာတွေ့ရပါတယ်။
“စစ်ကိုင်းတိုင်း၊မုံရွာမြို့၊မဟာဗောဓိတထောင် ကမ္ဘာ့အကြီးဆုံး ထိုင်တော် မူမြတ်စွာ ဘုရားကြီး ဘက်စုံတည်ဆောက်ရေးအတွက် မြတ်စွာဘုရားဆံလုံးတော်ကြီးနှင့် ရုပ်ပွားတော်(၁)ဆူ လှူဒါန်းရသော ကုသိုလ်၊ရပ်တော်မူ ဘုရားကြီး သန့်ရှင်းရေး လုပ်အားဒါနပြုရသောကုသိုလ်၊ဗောဓိတထောင်ဆရာတော်ကြီးအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရသောကုသိုလ် စသဖြင့် ယနေ့ပြုပြုခဲ့သမျှ ကုသိုလ်အစုစုတို့ကို (၇)ရက် သား၊သမီးများအား မျှဝေပါသည်။အမျှရ၍ သာဓုခေါ်ဆိုနိုင်ကြပါစေ။” လို့ ရေးထားပါတယ်။
သရုပ်ဆောင် ခန့်စည်သူဟာ အလှူအတန်းတွေ ဆက်တိုက် လုပ်နေတာကို လည်းတွေ့ရပါတယ်။ သူဟာ သီဟသုဓမ္မမဏိဇောတဓရ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူ ဘွဲ့ ကို ရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။
Related posts