







Unicode ဖြင့်ဖတ်ရန်

အဝတ်အစား ဝတ်ဆင်ရာမှာ မပြုလုပ်သင့်တဲ့ အချက်(၃)ချက်

=====================================

၁. ယောင်္ကျားလေးတွေပဲ ဝတ်ဆင်ကြတဲ့ အဝတ်အစားတွေ

ယောင်္ကျားလေးတွေအတွက်ပဲ သီးသန့် ထုတ်ထားတဲ့ အင်္ကျီမျိုးတွေကို ဝတ်ဆင်ခြင်းကို တစ်ချို့က စတိုင်လ်ဆိုပြီး ဝတ်ဆင်ကြပါတယ်။ ဒါဟာ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ အပြင်ထွက်တဲ့အခါ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

၂.ဝတ်လို့ ရရင် ပြီးတာပဲဆိုပြီး ဈေးပေါ၍ စတိုင်လ်မရှိတဲ့ အဝတ်အစားကို ရှောင်ပါ။

ဈေးပေါတဲ့ အဝတ်အစားဆိုရင် သိပ်ကောင်းလှတယ်မရှိတတ်ပါဘူး။ အရောင်၊ အသား၊ဒီဇိုင်း တစ်ခုခုမှာတော့ ချို့ယွင်းနေတတ်ပါတယ်။ လိုက်ဖက်တယ်ဆိုတာမျိုးက နည်းပါတယ်။

၃.ကိုယ်နဲ့ မတော်တဲ့(ကျပ်နေတဲ့) အဝတ်အစားမျိုးကို ရှောင်ကြဉ်ပါ။

ခန္ဓာကိုယ် အလှပြချင်လွန်းရင်ပဲ ဖြစ်ဖြစ် ကိုယ်နဲ့ ကျပ်သိပ်နေတဲ့ အဝတ်အစားမျိုးကို ရှောင်ပါ။ ကိုယ်အတွက်လည်း မလွတ်လပ်သလို သူများတွေ အမြင်မှာလည်း စတိုင်လ်ကျနေမှာမဟုတ်ပါဘူး။

Source : lifestyle myanmar

 

Related posts