





Unicode ဖြင့်ဖတ်ရန်

သခွားသီးနဲ့ အသားအရေထိန်းသိမ်းကြမယ်

===========================
သခွားသီးဟာ စားသုံးလို့ကောင်းတဲ့ အသီးတစ်မျိုးဖြစ်သလို အသားအရေ ကောင်းမွန်ဖို့ အတွက်လည်း အထောက်အကူ ပေးတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။
သခွားသီးမှာ Vitamin A.B.C နဲ့ ရေဓာတ် များစွာ ပါဝင်တာမို့ ပါးပါးလေး လှီးထားတဲ့ သခွားသီး လေးတွေကို မျက်နှာပြင်အနှံ့ ကပ်ပေးရင် အသားအရေကို တင်းရင်းစေပြီး မျက်နှာလည်း ကြည်လင်စေပါတယ်။ သဘာဝတရားက ပေးစွမ်း တဲ့ ပေါင်းတင်ဆေး ဖြစ်တာမို့ တစ်ပတ်ကို နှစ်ကြိမ်လောက် သခွားသီးကို မျက်နှာမှာ ကပ်ပေး သင့်ပါတယ်။
ဒါ့အပြင် သခွားသီးဟာ လေနဲ့ ရေကြောင့် အသားအရေ ပျက်စီးတာ တွေကိုလည်း ကာကွယ်ပေး ပါတယ်။
ဂျုံမှုန့် အနည်းငယ်၊ ကြက်ဥအကာ အနည်းငယ်၊ သခွားသီးရည် အနည်းငယ်နဲ့ သံပရာသီးရည် တစ်စက်၊ နှစ်စက်လောက်ကို ပန်းကန် တစ်ခုထဲမှာ သမအောင် ရောမွှေကာ မျက်နှာပြင်ကို လိမ်းပေးပြီး နာရီဝက်လောက် အကြာမှာ ရေနဲ့ ဆေးချ လိုက်ပါ။ အလုပ်မအားလပ် သူတွေနဲ့ သဘာဝ ပစ္စည်းများကိုသာ အသုံးပြုချင်တဲ့ ပျိုမေတွေအတွက် သဘာဝ ပေါင်းတင် ဆေးတစ်မျိုးပါ။

သခွားသီးကို စားသုံးခြင်းဖြင့် အစာချက် (Diet )တဲ့ နေရာမှာလည်း အထောက်အကူ ဖြစ်စေပါတယ်။

Related posts