



Unicode ဖြင့်ဖတ်ရန်

===================

မလှိုင်မြို့နယ်တွင်း စက်လှေတိမ်းမှောက် ၁၃ ဦး သေ၊ ၁ ဦး ပျောက်ဆုံးမှု
===============================================
မန္တလေးတိုင်းဒေသကြီး၊မလှိုင်မြို့နယ် ဆားတောင်ဆည်အတွင်းစက်လှေတိမ်းမှောက်မှုကြောင့် ၁၃ ဦးသေဆုံးပြီး၊ ၁ ဦးပျောက်ဆုံးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။
ဆားတောင်ဆည်အတွင်းရှိဗောဓိသစ္စာဘုန်းကြီးကျောင်းသို့ ဥပုသ်စောင့်ရန်သွားစဉ် စက်လှေဟာ နစ်မြှုပ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။
စက်လှေပေါ်တွင် မောင်းသူအပါအဝင် စုစုပေါင်း ၂၅ ဦးလိုက်ပါသွားခဲ့တာဖြစ်ပြီး ၁၀ ဦးကို အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ပြီး စက်လှေမောင်းသူမှာ ထွက်ပြေးလျက်ရှိကြောင်း သိရပါတယ်။

#Pissaya_News

Related posts