




Photo Credit

Unicode ဖြင့်ဖတ်ရန်

မွေးနေ့မှာ တရားစခန်းဝင်နေတဲ့ သရုပ်ဆောင်သက်မွန်မြင့်

===================================
သရုပ်ဆောင် သက်မွန်မြင့်ဟာ သူမရဲ့မွေးနေ့အတွက် မှော်ဘီမြို့မှာရှိတဲ့ အောင်ဇဗ္ဗူတောရတရားရိပ်သာမှာ တရားစခန်း ဝင်နေတယ်လို့ သိရပါတယ်။
တရားစခန်းဝင်နေလို့ Birthday wish လုပ်သူတွေကို ကျေးဇူးတင်စကားမပြောနိုင်တဲ့ ဇနီးအတွက် ခင်ပွန်းဖြစ်သူ စစ်နိုင်က အခုလိုပြောထားတာတွေ့ရပါတယ်။
‘’မွေးနေ့မှာ တရားစခန်းဝင်နေလို့ wish လုပ်သူတွေအတွက် ကျေးဇူးတင်စကားတွေပြန်မပြောနိုင်တဲ့ ချစ်သက်ကိုယ်စား မွေးနေ့အကြို မိသားစု၊ သူငယ်ချင်းတွေနဲ့ပျော်ခဲ့ရတဲ့ Birthday dinner party လေးကို မွေးနေ့အမှတ်တရအနေနဲ့ Fan တွေအားလုံးကို အပျော်တွေမျှဝေတဲ့အနေနဲ့ တင်ပေးလိုက်ပါတယ်။ အားလုံး ထပ်တူထပ်မျှပျော်ရွှင် ကြည်နူးကြပါစေ’’ ဆိုပြီး သူ့ရဲ့ဖေ့ဘွတ်စာမျက်နှာမှာ ရေးထားပါတယ်။
ဒီနှစ်က သရုပ်ဆောင် သက်မွန်မြင့်ရဲ့ ၃၇ နှစ်ပြည့်မွေးနေ့ဖြစ်တယ်လို့လည်းသိရပါတယ်။

Related posts