မ်က္ႏွာအသားအေရၾကည္လင္လွပေစဖို႔ နည္းစနစ္ေကာင္းမ်ား

မ်က္ႏွာအသားအေရၾကည္လင္လွပေစဖို႔ အိပ္ယာ၀င္ခါနီးတိုင္း လုပ္ေပးသင့္တဲ့ နည္းလမ္းေလးေတြ ျဖစ္ပါတယ္။

အဆင့္ ၁. မိတ္ကပ္ဖ်က္ျခင္း။
မ်က္ႏွာအေရျပားထဲက cells ေလးေတြဟာ ညဘက္မွာ ေခၽြးေပါက္ေတြကို ဖြင့္ျခင္းျဖင့္ လိုအပ္ခ်က္ေတြကို ျပန္လည္ ျပဳျပင္ပါတယ္။ မိတ္ကပ္ေတြကို ေသခ်ာမဖ်က္ပဲထားလိုက္ရင္ ေခၽြးေပါက္ေလးေတြမပြင့္ႏိုင္ပဲ အေရျပားေပၚမွာ အစက္အေျပာက္, အသားေရမညီညာျခင္းနဲ႔ ဝက္ျခံေတြ ထြက္လာတတ္တယ္ေနာ္။ အဲ့တာေၾကာင့္ မိတ္ကပ္လူးၿပီးရင္ေသခ်ာစင္ၾကယ္ေအာင္ ဖ်က္သင့္ပါတယ္ေနာ္။

အဆင့္ ၂. Toner သံုးျခင္း။
Toner သံုးျခင္းဟာ မ်က္ႏွာသစ္ၿပီးက်န္ရွိတဲ့ အညစ္အေၾကးေတြကိုသန္႔စင္ေပးရံုမက ေရဓာတ္ျဖည့္ေပးျခင္း, ေခၽြးေပါက္က်ဥ္းေအာင္လုပ္ေပးျခင္း, အဆိပ္အေတာက္မ်ား ဖယ္ရွားေပးျခင္း အစရွိတဲ့ အက်ိဳးေက်းဇူး ရေစပါတယ္ေနာ္။

အဆင့္ ၃. Moisturizing Serumလူးျခင္း။
အသားေျခာက္, အဆီျပန္, ပံုမွန္အသားေရ အစရွိတဲ့ ဘယ္အသားေရမဆို သင့္ေတာ္တဲ့ ေရဓာတ္ျဖည့္ေပးတဲ့ moisturizing serum ေလးကို သံုးေပးသင့္ပါတယ္ေနာ္။ အသားေရၾကည္ၾကည္ေလးနဲ႔ အေရျပားေကာင္းဖို႔ အဓိကအခ်က္က အေရျပားမွာလိုအပ္တဲ့ ေရဓာတ္ျပည့္ေနဖို႔ပဲ ျဖစ္ပါတယ္။

အဆင့္ ၄. Night Repair Creamလူးျခင္း။
ညဘက္မွာ cells ေတြျပဳျပင္ေပးတဲ့ အဆင့္ကို အေထာက္အကူျပဳေပးႏိုင္တာေလးကေတာ့ night repair cream ေလးလူးဖို႔လဲ လိုအပ္ပါတယ္ေနာ္။

အဆင့္ ၅. Eyes serum လူးျခင္း။
အသက္၂၀ ေက်ာ္အရြယ္မွစၿပီး (အသက္ႀကီးအရြယ္ေရာက္ အသားေရေျပာင္းလဲျခင္း) စတင္လာလို႔ မ်က္အိတ္ေဖာင္းျခင္း၊ မ်က္တြင္းက်ျခင္း၊ မ်က္လံုးနားတဝိုက္ အေရးအေၾကာင္းျဖစ္ေပၚလားျခင္း ေတြကို ကာကြယ္ႏိုင္ေအာင္ Eyes Serum ေလးလူးေပးသင့္တယ္ေနာ္။ လူးတဲ့အခါမွာ မ်က္လံုးအတြင္းဘက္ေထာင့္မွ အျပင္ဘက္ေထာင့္ကိုပဲ ဆြဲၿပီး လူးေပးရမယ္ေနာ္။

ဒီအဆင့္ေလး ၅ ခ်က္ကိုေန႔တိုင္း ဂ႐ုတစိုက္ေလးလုပ္ေပးမယ္ဆိုရင္ မ်က္ႏွာအသားေရၾကည္လင္ၿပီး က်န္းမာတဲ့အသားေရကို ထာဝစဥ္ပိုင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္။

Unicode ျဖင့္ဖတ္ရန္

မျက်နှာအသားအရေကြည်လင်လှပစေဖို့ နည်းစနစ်ကောင်းများ

=========================================
မျက်နှာအသားအရေကြည်လင်လှပစေဖို့ အိပ်ယာဝင်ခါနီးတိုင်း လုပ်ပေးသင့်တဲ့ နည်းလမ်းလေးတွေ ဖြစ်ပါတယ်။
အဆင့် ၁. မိတ်ကပ်ဖျက်ခြင်း။
မျက်နှာအရေပြားထဲက cells လေးတွေဟာ ညဘက်မှာ ချွေးပေါက်တွေကို ဖွင့်ခြင်းဖြင့် လိုအပ်ချက်တွေကို ပြန်လည် ပြုပြင်ပါတယ်။ မိတ်ကပ်တွေကို သေချာမဖျက်ပဲထားလိုက်ရင် ချွေးပေါက်လေးတွေမပွင့်နိုင်ပဲ အရေပြားပေါ်မှာ အစက်အပြောက်, အသားရေမညီညာခြင်းနဲ့ ဝက်ခြံတွေ ထွက်လာတတ်တယ်နော်။ အဲ့တာကြောင့် မိတ်ကပ်လူးပြီးရင်သေချာစင်ကြယ်အောင် ဖျက်သင့်ပါတယ်နော်။
အဆင့် ၂. Toner သုံးခြင်း။
Toner သုံးခြင်းဟာ မျက်နှာသစ်ပြီးကျန်ရှိတဲ့ အညစ်အကြေးတွေကိုသန့်စင်ပေးရုံမက ရေဓာတ်ဖြည့်ပေးခြင်း, ချွေးပေါက်ကျဉ်းအောင်လုပ်ပေးခြင်း, အဆိပ်အတောက်များ ဖယ်ရှားပေးခြင်း အစရှိတဲ့ အကျိုးကျေးဇူး ရစေပါတယ်နော်။
အဆင့် ၃. Moisturizing Serumလူးခြင်း။
အသားခြောက်, အဆီပြန်, ပုံမှန်အသားရေ အစရှိတဲ့ ဘယ်အသားရေမဆို သင့်တော်တဲ့ ရေဓာတ်ဖြည့်ပေးတဲ့ moisturizing serum လေးကို သုံးပေးသင့်ပါတယ်နော်။ အသားရေကြည်ကြည်လေးနဲ့ အရေပြားကောင်းဖို့ အဓိကအချက်က အရေပြားမှာလိုအပ်တဲ့ ရေဓာတ်ပြည့်နေဖို့ပဲ ဖြစ်ပါတယ်။
အဆင့် ၄. Night Repair Creamလူးခြင်း။
ညဘက်မှာ cells တွေပြုပြင်ပေးတဲ့ အဆင့်ကို အထောက်အကူပြုပေးနိုင်တာလေးကတော့ night repair cream လေးလူးဖို့လဲ လိုအပ်ပါတယ်နော်။
အဆင့် ၅. Eyes serum လူးခြင်း။
အသက်၂၀ ကျော်အရွယ်မှစပြီး (အသက်ကြီးအရွယ်ရောက် အသားရေပြောင်းလဲခြင်း) စတင်လာလို့ မျက်အိတ်ဖောင်းခြင်း၊ မျက်တွင်းကျခြင်း၊ မျက်လုံးနားတဝိုက် အရေးအကြောင်းဖြစ်ပေါ်လားခြင်း တွေကို ကာကွယ်နိုင်အောင် Eyes Serum လေးလူးပေးသင့်တယ်နော်။ လူးတဲ့အခါမှာ မျက်လုံးအတွင်းဘက်ထောင့်မှ အပြင်ဘက်ထောင့်ကိုပဲ ဆွဲပြီး လူးပေးရမယ်နော်။
ဒီအဆင့်လေး ၅ ချက်ကိုနေ့တိုင်း ဂရုတစိုက်လေးလုပ်ပေးမယ်ဆိုရင် မျက်နှာအသားရေကြည်လင်ပြီး ကျန်းမာတဲ့အသားရေကို ထာဝစဉ်ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

 

Related posts