





Photo Credit

Unicode ဖြင့်ဖတ်ရန်

သားလေး Jack Jack မွေးနေ့ အတွက် ကောင်းမှုကုသိုလ် ပြုလုပ်ခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

====================================================
သားလေး Jack Jack မွေးနေ့အတွက် သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းက ကောင်းမှုကုသိုလ် တွေ ပြုလုပ်ပေးခဲ့ကြောင်းသိရပါတယ်။
ဇွန်လိုင်လ ၁၂ရက်နေ့ ဟာ သရုပ်ဆောင် နန်မြတ်ဖြိုးသင်းရဲ့ သားလေး Jack Jack ရဲ့ ၃လပြည့်မွေးနေ့ ဖြစ်ပါတယ်။

နန်းမြတ်ဖြိုးသင်းကတော့ သူမရဲ့ သားလေးမွေးနေ့အတွက် မဟာမြတ်မုနိဘုရားမှာ ကောင်းမှု ကုသိုလ် ပြုလုပ်ခဲ့တယ်လို့ သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ အခုလိုရေးထားတာတွေ့ရပါတယ်။

‘’သားသားလေး၃လပြည့် မဟာမြတ်မုနိဘုရားကြီးရဲ့မျက်နှာသစ်တော်ရေနဲ့သုတ်ပုဝါရရှိ မေ့ချစ်သားလေးက ဘုရားမှာငြိမ်နေတာပဲ ချစ်လို့လဲမဝပါဘူးကွယ်။ သားသားလေးမျက်နှာမြင်ချစ်ခင်ပါစေနော်’’ ဆိုပြီး ရေးသားထားပါတယ်။

နန်းမြတ်ဖြိုးသင်းနဲ့ သားလေး Jack Jack ကို ချစ်တဲ့ ပရိသတ်တွေကလည်း မွေးနေ့ဆုမွန်ကောင်းတွေ တောင်းပေး ထားကြတာကို တွေ့ရပါတယ်။

Related posts