အသားအေရ ျဖဴစင္ေခ်ာေမြ႔ေစဖို႔ နည္းလမ္းေကာင္း

အသားအေရ ျဖဴစင္ေခ်ာေမြ႔ဖို႔အတြက္ အခ်ိန္နည္းနည္းေလး ေပးဖုိ႔ေတာ့လိုပါတယ္။ ဒီေန႔တင္ဆက္ေပးမယ့္နည္းေလးကေတာ့  အသားျ ဖဴ၀င္းေစျပီး အေရအေၾကာင္းေတြကိုပါ တင္းရင္းေစပါတယ္။ ဒါ့အျပင္ အမဲစက္ေတြေပ်ာက္ကင္းဖို႔လည္းနည္းလမ္းေကာင္းေလး ျဖစ္ပါတယ္။

ပထမဆံုး အာလူးကို ေဆးေၾကာျပီး ျပဳတ္လိုက္ပါ ။

နူးသြားျပီဆိုလွ်င္ အခြံခြာျပီး ေကာင္းစြာ ၾကိတ္ေျခပါ။

ျပီးေနာက္ အေရာအေႏွာမပါေသာ ဒိန္ခ်ဥ္ အနည္းငယ္ကို ထည့္ေမႊပါ ။

ဒိန္ခ်ဥ္မရွိလွ်င္ႏြားနို႔ ထည့္လို႔ ရပါတယ္ ။

ေနာက္ဆံုးတြင္ ပ်ားရည္ လက္ဖက္ရည္ ၁ဇြန္းနွင့္ သံပုယိုရည္ ၃စက္ခန္႔ ထပ္ထည့္ေမႊလိုက္ပါ ။

အားလံုးနွံ႔စပ္ေအာင္ ေမႊျပီးလွ်င္ေတာ့ မ်က္နွာေပၚသို႔ သုတ္လိမ္းထားလိုက္ပါ ။
နာရီဝက္ခန္႔ၾကာလွ်င္ေတာ့ ေရျဖင့္ ေဆးေၾကာသန္႔စင္နိုင္ပါျပီ ။

အာလူးျပဳတ္မွာ ဗီတာမင္စီ နွင့္ အသားအေရအတြက္ ေကာင္းမြန္တဲ့ဓါတ္ေတြ အမ်ားၾကီးပါဝင္ပါတယ္ ။ဒါ့အျပင္ ဒိန္ခ်ဥ္နွင့္ ပ်ားရည္ကလည္း အသားကို ျဖဴဝင္းေစနိုင္တဲ့အစြမ္းကို ေပးစြမ္းနိုင္ပါေသးတယ္။

Unicode ျဖင့္ဖတ္၇န္

အသားအရေ ဖြူစင်ချောမွေ့စေဖို့ နည်းလမ်းကောင်း

==============================
အသားအရေ ဖြူစင်ချောမွေ့ဖို့အတွက် အချိန်နည်းနည်းလေး ပေးဖို့တော့လိုပါတယ်။ ဒီနေ့တင်ဆက်ပေးမယ့်နည်းလေးကတော့ အသားဖြူဝင်းစေပြီး အရေအကြောင်းတွေကိုပါ တင်းရင်းစေပါတယ်။ ဒါ့အပြင် အမဲစက်တွေပျောက်ကင်းဖို့လည်းနည်းလမ်းကောင်းလေး ဖြစ်ပါတယ်။
ပထမဆုံး အာလူးကို ဆေးကြောပြီး ပြုတ်လိုက်ပါ ။
နူးသွားပြီဆိုလျှင် အခွံခွာပြီး ကောင်းစွာ ကြိတ်ခြေပါ။
ပြီးနောက် အရောအနှောမပါသော ဒိန်ချဉ် အနည်းငယ်ကို ထည့်မွှေပါ ။
ဒိန်ချဉ်မရှိလျှင်နွားနို့ ထည့်လို့ ရပါတယ် ။
နောက်ဆုံးတွင် ပျားရည် လက်ဖက်ရည် ၁ဇွန်းနှင့် သံပုယိုရည် ၃စက်ခန့် ထပ်ထည့်မွှေလိုက်ပါ ။
အားလုံးနှံ့စပ်အောင် မွှေပြီးလျှင်တော့ မျက်နှာပေါ်သို့ သုတ်လိမ်းထားလိုက်ပါ ။
နာရီဝက်ခန့်ကြာလျှင်တော့ ရေဖြင့် ဆေးကြောသန့်စင်နိုင်ပါပြီ ။
အာလူးပြုတ်မှာ ဗီတာမင်စီ နှင့် အသားအရေအတွက် ကောင်းမွန်တဲ့ဓါတ်တွေ အများကြီးပါဝင်ပါတယ် ။ဒါ့အပြင် ဒိန်ချဉ်နှင့် ပျားရည်ကလည်း အသားကို ဖြူဝင်းစေနိုင်တဲ့အစွမ်းကို ပေးစွမ်းနိုင်ပါသေးတယ်။

Related posts