မကြာခင်မှာ စတင်ရိုက်ကူးတော့မယ့် “ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီး

ခေါ်သံရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လအတွင်းမှာ စတင်ရိုက်ကူးတော့မယ်လို့ သိရပါတယ်။

“ခေါ်သံ” ရုပ်ရှင် ဇာတ်ကားကြီးရဲ့  ကန်တော့ပွဲကိုတော့ ဇွန်လိုင်လ ၉ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်ကြီးရဲ့ အောင်မြေပဲမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီဇာတ်ကားကြီးကိုတော့ ဘိုဘို ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်မှာဖြစ်ပြီး ဒါရိုက်တာ စိုးမိုးမင်းနဲ့ မေဘရဏီတို့က ပုံဖော်ရိုက်ကူးထားပါတယ်။

ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ထွန်းထွန်း၊ ကျော်ကျော်ဗို၊ ရဲတိုက်၊ ရဲရင့်အောင်၊ အောင်မြင့်မြတ်၊ ခင်လှိုင်၊ ဂျိုကာ၊ အိချောပို၊ မေမြင့်မိုရ် နဲ့ ရွှေအိမ်စည်တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

“ခေါ်သံ”ရုပ်ရှင်ဇာတ်ကားကြီးဟာ သရဲကားဟာသ ရှပ်ရှင်ဇာတ်ကားကြီး ဖြစ်တယ်လို့လည်းသိရပါတယ်။

Photo Credit

Related posts