

ဖြစ်စဉ်မှာ ၈.၇.၂၀၁၉ ရက်နေ့ ၂၁း၀၀ အချိန် တရားလို မ—-သည် ဒဂုံမြောက်မြို့နယ်၊ (၉)ရပ်ကွက်၊ တိမ်ညို(၂)လမ်းရှိ ၎င်း၏နေအိမ်၌ရှိနေစဉ် ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၀)ရပ်ကွက်၊ ပဲခူးမြစ်၊ လမ်းသွယ် (၂) လမ်းတွင် နေထိုင်သော မိခင်ဖြစ်သူ ဒေါ်ထွေးကြည်ကို သားအရင်းဖြစ်သူ စိုင်းကြည်မြင့်မှ ခေါင်း အုံး ဖြင့် ဖိသတ်လိုက်ကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ မိခင်ဖြစ်သူအား အိမ်ရှေ့ခန်း အိပ်ရာပေါ် တွင် ဝဲပါးနှင့်နား ညိုမဲဒဏ်ရာ၊ နှာခေါင်းသွေး အနည်းငယ်ထွက်လျက် ပက်လက်အနေ အ ထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသောကြောင့် မိခင်ဖြစ်သူကို အသက်သေဆုံးအောင် ပြုလုပ်သူ စိုင်းကြည်မြင့်၊ (ဘ)ဦးမြင့်ဦး၊ (၃၄)နှစ်အား ဥပဒေအရ အရေးယူပေးပါရန် ဒဂုံဆိပ်ကမ်းမြို့ မရဲစခန်း တွင် အမှုဖွင့်တိုင်တန်းမှုဖြစ်ပါသည်။

အမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ရာ စိုင်းကြည်မြင့်သည် အရက်အမြဲမူးယစ်နေပြီး အလုပ်လုပ် ကိုင်ခြင်းမရှိသဖြင့် မိခင်ဖြစ်သူမှ မကြာခဏပြောဆိုဆုံးမသည်ကို နားငြီးသည်ဟုဆိုကာ မိခင်ဖြစ်သူ ဒေါ်ထွေးကြည်၏ မျက်နှာပေါ်သို့ ခေါင်းအုံးဖြင့်ဖိသတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သောကြောင့် ပြစ် မှုကျူးလွန်သူ စိုင်းကြည်မြင့်ကို ဥပဒေနှင့်အညီ အမြန်ဆုံးတရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက် ရှိ ကြောင်း သတင်းရရှိပါသည်။

Unicode ဖြင့်ဖတ်ရန်

====================

မိခင်ဖြစ်သူကို သားအရင်းဖြစ်သူက ခေါင်းအုံးဖြင့်ဖိသတ်မှု ဖြစ်ပွား
မိခင်ဖြစ်သူကို သားအရင်းဖြစ်သူက ခေါင်းအုံးဖြင့်ဖိသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၊ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်မှာ ၈.၇.၂၀၁၉ ရက်နေ့ ၂၁း၀၀ အချိန် တရားလို မ—-သည် ဒဂုံမြောက်မြို့နယ်၊ (၉)ရပ်ကွက်၊ တိမ်ညို(၂)လမ်းရှိ ၎င်း၏နေအိမ်၌ရှိနေစဉ် ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၀)ရပ်ကွက်၊ ပဲခူးမြစ်၊ လမ်းသွယ် (၂) လမ်းတွင် နေထိုင်သော မိခင်ဖြစ်သူ ဒေါ်ထွေးကြည်ကို သားအရင်းဖြစ်သူ စိုင်းကြည်မြင့်မှ ခေါင်း အုံး ဖြင့် ဖိသတ်လိုက်ကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ မိခင်ဖြစ်သူအား အိမ်ရှေ့ခန်း အိပ်ရာပေါ် တွင် ဝဲပါးနှင့်နား ညိုမဲဒဏ်ရာ၊ နှာခေါင်းသွေး အနည်းငယ်ထွက်လျက် ပက်လက်အနေ အ ထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသောကြောင့် မိခင်ဖြစ်သူကို အသက်သေဆုံးအောင် ပြုလုပ်သူ စိုင်းကြည်မြင့်၊ (ဘ)ဦးမြင့်ဦး၊ (၃၄)နှစ်အား ဥပဒေအရ အရေးယူပေးပါရန် ဒဂုံဆိပ်ကမ်းမြို့ မရဲစခန်း တွင် အမှုဖွင့်တိုင်တန်းထားကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။
အမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ရာ စိုင်းကြည်မြင့်သည် အရက်အမြဲမူးယစ်နေပြီး အလုပ်လုပ် ကိုင်ခြင်းမရှိသဖြင့် မိခင်ဖြစ်သူမှ မကြာခဏပြောဆိုဆုံးမသည်ကို နားငြီးသည်ဟုဆိုကာ မိခင်ဖြစ်သူ ဒေါ်ထွေးကြည်၏ မျက်နှာပေါ်သို့ ခေါင်းအုံးဖြင့်ဖိသတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သောကြောင့် ပြစ် မှုကျူးလွန်သူ စိုင်းကြည်မြင့်ကို ဥပဒေနှင့်အညီ အမြန်ဆုံးတရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက် ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကထုတ်ပြန်ထားကြောင်းသိရပါတယ်။

#Pissaya_general news

Related posts