
 
 
Unicode ဖြင့်ဖတ်ရန်
===================

(၁၆)ကြိမ်မြောက် ရခိုင်ပညာသင်ဆုချီးမြှင့်ပွဲအခမ်းအနားမှာ ဆုရရှိခဲ့တဲ့နေတိုး
===============================================

၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ဇူလိုင်(၇)ရက်နေ့ ၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၁၆)ကြိမ်မြောက် ရခိုင်ပညာသင်ဆုချီးမြှင့်ပွဲအခမ်းအနားမှာ ရုပ်ရှင်ဗွီဒီယိုသရုပ်ဆောင်နေတိုးဆုရရှိ ခဲ့ ကြောင်းသူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြထားကြောာင်းသိရပါတယ်။

နေတိုးကတော့ အခုလိုဆုချီးမြှင့်ပေးတဲ့အတွက် အထူးပဲဝမ်းသာမိပါတယ် ၊ကျွန်တော်ဆက်ပြီး ကြိုးစား နေပါ့မယ်လို့ သူကရေးသားဖော်ပြထားပါတယ်။

အဆိုပါဆုပေးပွဲအခမ်းအနားကို ရခိုင်သဟာယအသင်းနဲ့ ရခိုင်အမျိုးသမီးအသင်းတို့မှ ပူးပေါင်းကျင်း ပတာဖြစ်ပြီး ၂၀၁၇ ခုနှစ်အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုအနေနဲ့ ရုပ်ရှင်ဗွီဒီယို သရုပ်ဆောင် နေတိုးကို ချီးမြှင့်ပေးအပ်ခဲ့တာဖြစ်ခဲ့ကြောင်းသိရပါတယ်။

#Pissaya_Entertainment

Related posts