နာေရးကူညီမႈအသင္းကို အလွဴေငြ ၅ သိန္းလွဴဒါန္းခဲ့တဲ့ သရုပ္ေဆာင္ အလင္းေရာင္

သရုပ္ေဆာင္ အလင္းေရာင္ဟာ နာေရးကူညီမႈအသင္း (ရန္ကုန္) ကို ဇူလိုင္လ ၄ ရက္ေန႔က အလွဴေငြ က်ပ္ ၅ သိန္း ကို လွဴဒါန္း ခဲ့ပါတယ္။

ဒီအလွဴနဲ႔ ပတ္သက္ၿပီး အလင္းေရာင္အတြက္ ဆုေတာင္းစကားေတြကိုလည္း ေက်ာ္သူက  အခုလို ေျပာခဲ့ပါတယ္။

‘’ဂမီၻရမ်က္လုံး ႏွင့္ ဒ႑ာရီပင္လယ္ ႐ုပ္ရွင္မ်ားတြင္ အထူးသ႐ုပ္ေဆာင္ထားသည့္ သ႐ုပ္ေဆာင္မင္းသား အလင္းေရာင္ သည္ မအား လပ္သည့္ၾကားမွ နာေရးကူညီမႈ အသင္း(ရန္ကုန္) သို႔ အလႉေငြငါးသိန္း(၅၀၀၀၀ဝိ/-)က်ပ္အား လာေရာက္လႉဒါန္းခဲ့ ပါသည္။ လႉဒါန္းမႈ အစုစုေၾကာင့္ ယခုထက္ေအာင္ျမင္မႈသရဖူဆုမ်ားရရွိကာ ဘ၀တစ္ေလ်ာက္ ေသာကင္းေ၀း ၿငိမ္းခ်မ္းသာယာ ၀ေျပာပါေစ။ သာဓု သာဓု သာဓု’’ ဆုိၿပီးေတာ့ ေက်ာ္သူရဲ႔ ေဖ့ဘြတ္စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

သရုပ္ေဆာင္အလင္းေရာင္ဟာ ထီေပါက္ထားတဲ့ ပိုက္ဆံနဲ႔ ယခုလို လွဴဒါန္းခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Photo Credit

Unicode ျဖင့္ဖတ္ရန္

နာရေးကူညီမှုအသင်းကို အလှူငွေ ၅ သိန်းလှူဒါန်းခဲ့တဲ့ သရုပ်ဆောင် အလင်းရောင်

================================================

သရုပ်ဆောင် အလင်းရောင်ဟာ နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ဇူလိုင်လ ၄ ရက်နေ့က အလှူငွေ ကျပ် ၅ သိန်း ကို လှူဒါန်း ခဲ့ပါတယ်။

ဒီအလှူနဲ့ ပတ်သက်ပြီး အလင်းရောင်အတွက် ဆုတောင်းစကားတွေကိုလည်း ကျော်သူက အခုလို ပြောခဲ့ပါတယ်။

‘’ဂမ္ဘီရမျက်လုံး နှင့် ဒဏ္ဍာရီပင်လယ် ရုပ်ရှင်များတွင် အထူးသရုပ်ဆောင်ထားသည့် သရုပ်ဆောင်မင်းသား အလင်းရောင် သည် မအား လပ်သည့်ကြားမှ နာရေးကူညီမှု အသင်း(ရန်ကုန်) သို့ အလှူငွေငါးသိန်း(၅၀၀၀၀ဝိ/-)ကျပ်အား လာရောက်လှူဒါန်းခဲ့ ပါသည်။ လှူဒါန်းမှု အစုစုကြောင့် ယခုထက်အောင်မြင်မှုသရဖူဆုများရရှိကာ ဘဝတစ်လျောက် သောကင်းဝေး ငြိမ်းချမ်းသာယာ ဝပြောပါစေ။ သာဓု သာဓု သာဓု’’ ဆိုပြီးတော့ ကျော်သူရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

သရုပ်ဆောင်အလင်းရောင်ဟာ ထီပေါက်ထားတဲ့ ပိုက်ဆံနဲ့ ယခုလို လှူဒါန်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Photo Credit

Related posts