



Unicode ဖြင့်ဖတ်ရန်

===================

᠌᠌᠌International Fighter of the Year ဆု အောင်လအန်ဆန်းရရှိ
===========================================
မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်းဟာ The World MMA Awards 2019 ရဲ့ I nternational Fighter of the Year ဆုကိုဆွတ်ခူးရရှိသွားခဲ့ကြောင်း သိရပါတယ်။
အဲ့ဒီဆုဟာ နိုင်ငံတကာမှာ ဂုဏ်သိက္ခာအကြီးမားဆုံး ဆုတစ်ဆုဖြစ်ပြီး The World MMA Awards ဆုများကို Fighters Only magazine မှ ၂၀၀၈ ခုနှစ်မှစဆင်ကာ နှစ်စဉ်ရွေးချယ်ပေးနေတာလည်း ဖြစ်ပါတယ်။
The World MMA Awards 2019 ဆုပေးပွဲအခမ်းအနားကို အမေရိကန်နိုင်ငံ လာ့စ်ဗေးဂက်စ်မြို့၊ Palms Casino Resort ရှိ Pearl Concert Theater တွင်ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

#Pissaya_Sport

Related posts