ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တရုတ္သံအမတ္ကုိ လက္ခံေတြ႕ဆံု

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဟာ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံ သံအမတ္ႀကီး မစၥတာ ခ်န္းဟိုင္ အား ဒီကေန႔ မနက္ပိုင္းက ေနျပည္ေတာ္မွာ လက္ခံေတြ႕ဆံုခဲ့ေၾကာင္း သိရပါတယ္။

ေတြ႕ဆုံစဥ္ ႏွစ္ႏိုင္ငံ ဆက္ဆံေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ေရးကိစၥရပ္မ်ား၊ ရပ္ဝန္းႏွင့္ ပိုးလမ္းမ စီမံကိန္း မူေဘာင္ေအာက္မွ ႏွစ္ႏိုင္ငံအၾကား အျပန္အလွန္ အက်ိဳးျဖစ္ထြန္းေစမည့္ ပူးေပါင္း ေဆာင္႐ြက္မႈမ်ား ျမႇင့္တင္ေရး၊ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ သံတမန္ဆက္ဆံေရး ႏွစ္ (၇၀) ျပည့္ ေျမာက္မည့္ ၂၀၂၀ ျပည့္ႏွစ္တြင္ အထိမ္းအမွတ္ အခမ္းအနားမ်ား ပူးတြဲက်င္းပေရး၊ ျမန္မာႏိုင္ငံ၏ ျပည္တြင္း ၿငိမ္းခ်မ္းေရးႏွင့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးလုပ္ငန္းစဥ္၊ ရခိုင္ျပည္နယ္မွ ေနရပ္စြန္႔ခြာ သြားသူမ်ား ျပန္လည္လက္ခံေရးလုပ္ငန္းစဥ္ႏွင့္ ျပန္လည္ေနရာခ်ထားေရးလုပ္ငန္းစဥ္တို႔တြင္ ျမန္မာ ႏိုင္ငံအစိုးရ၏ ႀကိဳးပမ္းေဆာင္႐ြက္ေနမႈမ်ားအေပၚ တ႐ုတ္ႏိုင္ငံမွ အျပဳသေဘာ ဆက္လက္အကူအညီ ေပးအပ္သြားမည့္ ကိစၥရပ္မ်ားႏွင့္စပ္လ်ဥ္း၍ ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ခဲ့ၾကေၾကာင္း ႏိုင္ငံေတာ္ အတိုင္ပင္ခံရံုးမွ သတင္းထုတ္ျပန္ပါတယ္။

Unicode ျဖင့္ဖတ္ရန္

==================

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်သံအမတ်ကို လက်ခံတွေ့ဆုံ
=============================================================
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် အား ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များ၊ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း မူဘောင်အောက်မှ နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့် မြောက်မည့် ၂၀၂၀ ပြည့်နှစ်တွင် အထိမ်းအမှတ် အခမ်းအနားများ ပူးတွဲကျင်းပရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်တို့တွင် မြန်မာ နိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်အကူအညီ ပေးအပ်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ပါတယ်။

#Pissaya_General News

Ref: Myanmar State Counsellor Office

Related posts