



Unicode ဖြင့်ဖတ်ရန်

===================

အာဂျင်တီနားကို အနိုင်ယူပြီး ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့တဲ့ ဘရားဇီးလ်
================================================
ဒီကနေ့မနက်ပိုင်းက ကစားခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ ဆီမီးပွဲစဉ်မှာ အာဂျင်တီနားအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ယူပြီး ဘရားဇီးလ်အသင်းဟာ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒါဟာ ဘရားဇီးလ်အသင်းအတွက် ၂၀၀၇ ခုနှစ်နောက်ပိုင်း ကိုပါအမေရိက ဖလား ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် ပြန်လည်တက်လှမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ဘရားဇီးလ်အသင်းဟာ ပြိုင်ပွဲတလျောက် အကြိမ် ၂၀ မြောက်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

#Pissaya_Sport

Related posts