(၇)ရက္သားသမီးမ်ားရဲ႕တစ္ပတ္အတြင္းေဟာစာတမ္း

၂၇ .၆.၂၀၁၉ မွ ၃.၇.၂၀၁၉ ထိ (၇)ရက္သားသမီးမ်ားရဲ႕တစ္ပတ္အတြင္းေဟာစာတမ္းကို Pissaya News ပရိတ္သတ္ႀကီးအတြက္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္။

#တနဂၤေႏြ

ဒီလုိကာလေတြမွာေတာ့မိမိအတြက္အရင္ကာလေတြနဲ႔မတူတဲ့ အသစ္အဆန္းေတြကို လုပ္ကိုင္ေဆာင္ရြက္ ရတတ္ပါတယ္။ စီးပြားသစ္၊အလုပ္သစ္၊ေနရာသစ္၊ေဒသအသစ္နဲ႔ အံ၀င္ခြင္က်ျဖစ္ေနမဲ့ကာလပါပဲ။ မိမိျဖစ္ခ်င္တဲ့ ၊မိမိလုိခ်င္တဲ့ကိစၥေတြကို ဆရာသမားေတြ၊လူႀကီးေတြဆီကေနတဆင့္ခံၿပီး ေဆာင္ရြက္မွအဆင္ေျပတတ္ပါတယ္။ လူမ်ိိဳးျခား၊တစ္စိမ္းတရံေတြကိုဇြတ္မယံုသင့္ပါဘူး။ မိမိကံက ဒီကာလမွာအလိမ္ခံရတတ္လို႔သတိေပးတာပါဗ်။ အလုပ္နဲ႔ပက္သက္ၿပီးေတာ့လဲ အခက္အခဲေတြကိုေကာင္းစြာေက်ာ္ျဖတ္သြားႏုိင္ပါလိမ့္မယ္။ မိမိလုပ္ကိုင္ေနတဲ့ ကိုယ္ပိုင္စီးပြားေရးေတြလဲ အထူးပဲတိုးတတ္ပါလိမ့္မယ္။ ဘာသာေရးမေမ့သူေတြ၊ကုသိုလ္မျပတ္လုပ္ေနသူေတြ ပိုမိုအဆင္ေျပမဲ့ကာလပါပဲ။ မိမိသြားလိုတဲ့ဘုရားဖူးခရီးေတြရွိရင္လဲ ဒီကာလမွာသြားခြင့္ၾကံဳတတ္ပါတယ္။ က်န္းမာ ေရးကေတာ့ အပူေၾကာင့္ျဖစ္တဲ့ေရာဂါေတြျဖစ္လြယ္တယ္။ အေရျပားမွာအပူနာေလးေတြေပါက္တတ္ပါတယ္။ အခ်စ္ေရးကေတာ့ မိမိဆႏၵေတြကို ခ်စ္သူကအေကာင္အထည္ေဖာ္ေပးပါလိမ့္မယ္။ အိမ္ေထာင္ေရးရန္ျဖစ္လုိက္ ျပန္တည့္လိုက္ပါပဲ ။ ပညာေရးကံအထူးေကာင္းမြန္တာကိုလဲ ေတြ႔ရပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 1/2/5
အထူးေဟာ ကံသင့္ပါလိမ့္မယ္။
ယၾတာ ထန္းလ်က္ခဲေလးေတြ နီးစပ္ရာေခြးေလးေတြကိုေကၽြးလုိက္ပါ။

#တနလၤာ

ဒီကာလအတြင္းမိမိရဲ့စိတ္ကူးေတြကို အေကာင္အထည္ေဖာ္ႏိုင္ပါလိမ့္မယ္။အလုပ္ေတြခ်ဲ႕ထြင္ႏိုင္ပါလိမ့္ မယ္။ အထူးသတိထားေစခ်င္တာက ဘာလုပ္လုပ္ ေငြႏုိင္မႏုိင္ျပန္ၾကည့္ပါ။ အလုပ္ေတြကႀကီးလာၿပီးေငြကမႏိုင္ တာ ၊အေရာင္းအ၀ယ္ေတြေကာင္းေပမဲ့ အေၾကြးက်တာမ်ိဳးေတြျဖစ္ရတတ္ပါတယ္။ လူငယ္မ်ား အလုပ္ခြင္အတြင္း ခ်မွတ္ထားတဲ့စည္းကမ္းေတြကိုလုိက္နာႏုိင္ေလ အဆင္ေျပေလပါပဲ။ ဆရာသမားေတြ၊ မိမိရဲ့အထက္လူႀကီးေတြဆီ ကအႀကံဥာဏ္ေကာင္းေတြရလာတတ္ပါတယ္။ ကံေကာင္းေနေပမဲ့ နာမည္ႀကီးထမင္းငတ္ဆိုတာမ်ိဳးျဖစ္တတ္ပါ တယ္။ ေငြကိုအသံုးမလြယ္ပါနဲ႔။ ခရီးကိစၥေတြအဆင္ေျပတတ္ပါတယ္။ အႏုပညာနဲ႔ပက္သက္ေသာအလုပ္မ်ားႏွင့္ ေရႏွင့္ဆက္ႏြယ္ေသာအလုပ္မ်ား ပိုမိုတိုးတတ္ႏိုင္တာကိုေတြ႔ရပါတယ္။ က်န္းမာေရးကေတာ့ အညံ့မရွိသေလာက္ ရွားပါတယ္။ အခ်စ္ေရးကိစၥေတြမွာေတာ့ ခ်စ္သူကအလုပ္အေၾကာင္းျပၿပီး မိမိကိုေရွာင္ေနတတ္ပါတယ္။ အိမ္ ေထာင္ေရးကံအညံ့မရွိေပမဲ့ အိမ္ေထာင္ဘက္က်န္းမာေရးအားနည္းႏိုင္တာကိုေတြ႔ရပါတယ္။ ပညာေရးမွာေတာ့ မိမိအတြက္အညံ့နည္းပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 3/6/9
အထူးေဟာ စီးပြားတိုးတတ္မည္။
ယၾတာ သီလရွိေအာင္ေနတာ ဒီတစ္ပါတ္အတြက္ယၾတာပါပဲ။

#အဂၤါ
ဒီကာလအတြင္းမိမိအတြက္လိင္ကိစၥေတြမရႈပ္ဖို႔အထူးသတိေပးခ်င္ပါတယ္။ ခပ္ကင္းကင္းေနသူေတြက ျပႆနာမရွိေပမဲ့အနည္းငယ္ပါ၀င္ပက္သက္မိရင္ေတာ့ျပႆနာျဖစ္လာတတ္တဲ့ေန႔ရက္ေတြပါပဲ။ရပ္ေ၀းနဲ႔ဆက္စပ္ လုပ္ကိုင္ရတဲ့ အလုပ္ေတြကအဆင္မေျပတတ္ပါဘူး။ အြန္လိုင္းကေန ပစၥည္းမွာမယ္ဆိုရင္လဲ အလိမ္ခံရတာမ်ား ေနႏိုင္ပါတယ္။ မွာေနက်မဟုတ္ရင္သတိထားပါလို႔တိုက္တြန္းလုိက္ပါရေစ။ ေအာက္လက္ငယ္သားေတြက မိမိ မခိုင္းဘဲနဲ႔ အလုိက္တသိလုပ္ေပးထားတဲ့ ကိစၥေတြကသူတို႔ကေစတနာနဲ႔ လုပ္ေပမဲ့ အလြဲေတြျဖစ္ရတတ္ပါတယ္။ ကိုယ္ပိုင္အလုပ္မ်ား ပံုမွန္အတိုင္းလည္ပတ္ပါ။ အသစ္မစပါနဲ႔။ ကုန္ပစၥည္းအသစ္တင္မေရာင္းပါနဲ႔။ စက္ကားနဲ႔ ခရီးသြားလုပ္ကိုင္ေနသူမ်ား အလုပ္အဆင္ေျပေပမဲ့ စက္ကားပ်က္တတ္တာေၾကာင့္ ခရီးမတြင္သလုိျဖစ္ရတတ္ပါ တယ္။ က်နး္မာေရးနဲ႔ပက္သက္ၿပီး အားနည္းခ်က္ေတြက ဒီကာလမွာမ်ားပါတယ္။ ကိုယ္တုိင္ေနေကာင္းက်န္းမာ ေအာင္ဂရုစိုက္ပါလို႔ပဲမွာခ်င္ပါတယ္။အခ်စ္ေရးကံမညံံပါ။အဆင္ေျပပါလိမ့္မယ္။ အိမ္ေထာင္ေရးလဲ သာယာေပ်ာ္ ရြင္ရပါလိမ့္မယ္။ ပညာေရးနဲ႔ပက္သက္ၿပီးေတာ့လဲ အထူးတိုးတတ္ႏိုင္ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 4/8/3
အထူးေဟာ ၿငိမ္ေနတာအေကာင္းဆံုးပါပဲ။
ယၾတာ ဓာတ္ဆားရည္ မိတ္ေဆြတစ္ဦးကို လွဴဒါန္းလုိက္ပါ။

#ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္းမိမိအတြက္ရည္ရြယ္ထားတာေလးေတြ၊စိတ္ကူးထားတာေလးေတြရွိရင္ အေကာင္အထည္ မေဖာ္ပါနဲ႔အံုး။ လုပ္လက္စအလုပ္ေတြနဲ႔တင္ မအားလပ္ႏိုင္ျဖစ္ရတတ္လို႔ပါပဲ။ လူငယ္ေတြဆိုရင္ေတာ့ လုပ္သေလာက္အက်ိဳးမခံစားရဘူးဆုိၿပီး မိမိအလုပ္အေပၚအျပစ္ျမင္ေနမိတတ္ပါတယ္။ ဒါကေကာင္းတဲ့လကၡဏာ ေတာ့မဟုတ္ပါဘူး။ အထက္လူႀကီးနဲ႔ျပႆနာတတ္ရသည္ထိျဖစ္ရတတ္ပါတယ္။ သားသမီးမ်ားအတြက္ေငြ ထြက္ရတတ္ပါတယ္။ ခရီးေတြလဲ မထင္မွတ္ဘဲ ထြက္ရတတ္ပါတယ္။ မိမိမသြားလုိတဲ့ ခရီးမ်ိဳးလဲျဖစ္ရင္ ျဖစ္ပါလိမ့္ မယ္။ စိတ္ပင္ပန္းရာကေန လူႏုန္းၿပီး ဖ်ားနာရတတ္ပါတယ္။ ဒီကာလမွာဖ်ားနာမိရင္ အဖ်ားနာတာရွည္ျဖစ္လြယ္ ပါတယ္။ ကိုယ္ပိုင္စီးပြားေရးမ်ား လူယံုဒုကၡေပးတတ္ပါတယ္။ ၀န္ထမ္းမျမဲတာ၊ လုပ္သက္ၾကာေနၿပီျဖစ္တဲ့ ၀န္ထမ္း ေတြထြက္သြားတာမ်ိဳးေတြလဲ ႀကံဳရတတ္ပါတယ္။ အခ်စ္ေရးန႔ဲပက္သက္ၿပီး အလြန္မွစိတ္ခ်မ္းသာရမွာလိမ့္မယ္။ ေ၀းကြာအဆက္အသြယ္ျပတ္ေနတဲ့ခ်စ္သူနဲ႔ျပန္ဆံုရတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ အဆင္မေျပတာမ်ား ပါတယ္။တစ္ေယာက္ကအေလ်ာ့ေပးသည္းခံမွအဆင္ေျပပါလိမ့္မယ္။ ပညာေရးအားနည္းေနခ်ိ္န္ပါ။

အက်ိဳးေပးဂဏန္း 1/5/8
အထူးေဟာ အနည္းငယ္ပင္ပန္းရတတ္ပါတယ္။
ယၾတာ နီးစပ္ရာေစတီရဲ့ ေမြးနံေထာင့္မွာေရသပၸယ္ပါ။

#ၾကာသပေတး

ဒီကာလအတြင္းကံၾကမၼာကမိမိကိုမ်က္ႏွာသာေပးပါလိမ့္မယ္။မိမိလုပ္ခ်င္တာေတြလုပ္ႏို္င္သလုိ မိမိရင္ထဲ ကဆႏၵေတြရွိရင္လဲျပည့္၀ရတတ္ပါတယ္။ အလုပ္ေတြနဲ႔ ပက္သက္ၿပီး အကူအညီေတြအထူးရမယ္။ ရာထူးတိုးျခင္း၊ ေနရာေကာင္းရျခင္းမ်ိဳးေတြႀကံဳရတတ္ပါတယ္။ ကုသိုလ္ေရးလုပ္မယ္ဆိုလဲ အဘက္ဘက္ ၀ိုင္း၀န္ကူညီမဲ့သူေတြနဲ႔ ႀကံဳရတတ္ပါတယ္။ ပရဟိတကိစၥမ်ားအေလးေပးေဆာင္ရြက္ႏိုင္ပါလိမ့္မယ္။ အလုပ္နဲ႔ပက္သက္ၿပီးေအာင္ျမင္ ေအာင္စြမ္းေဆာင္ႏိုင္ပါလိမ့္မယ္။ မိမိတတ္လမ္းမွာေႏွာင့္ယွက္ေနတဲ့ ကိစၥေတြကို ေကာင္းစြာေျဖရွင္းသြားနိုင္ပါ လိမ့္မယ္။ႏုိင္ငံျခားနဲ႔တိုက္ရိုက္ဆက္စပ္လုပ္ကို္င္ရေသာအလုပ္ေတြကိုေတာ့ သတိနဲ႔ယွဥ္ၿပီးေဆာင္ရြက္လုိက္ပါ။ သမထ၊၀ိပႆနာ ပြားမ်ားသူမ်ား အရင္ကမခံစားဘူးတဲ့ၿငိမ္းေအးမႈေတြကိုရရွိတတ္ပါတယ္။ က်န္းမာေရးကေတာ့ သိပ္ၿပီးညံ့ေနတာမ်ိဳးမေတြ႔မိပါဘူး။ ဆရာအလုပ္ျဖင့္ ရပ္တည္အသက္ေမြးသူမ်ား ပိုမိုအဆင္ေျပတုိးတတ္ပါလိမ့္ မယ္။ အခ်စ္ေရးကံေကာင္းေနေပမဲ့ ခ်စ္သူနဲ႔ဆံုဖုိ႔ခက္ခဲပါလိမ့္မယ္။ အိမ္ေထာင္ေရးအတြက္စိတ္ပူစရာမလုိေသးတဲ့ ေန႔ရက္ေတြပါပဲ။ ပညာေရး ကံအျမင့္မားဆံုးကာလေတြါပဲ။

အက်ိဳးေပးဂဏန္း 2/5/9
အထူးေဟာ ကံျမင့္ေနမည္။
ယၾတာ ဒီကာလအတြင္း ပရိတ္ပ႒ာန္းမ်ားမ်ားရြတ္ပြားပါ။

#ေသာၾကာ

ဒီကာလအတြင္းမိမိအတြက္ အဆင္ေျပတာေတြမ်ားေနပါလိမ့္မယ္။ မိမိသြားခ်င္တာေတြသြားခြင့္ရသလို မိမိစားခ်င္တာေတြကိုလဲ စားခြင့္ရလာပါလိမ့္မယ္။ ပင္ပန္းခဲ့သမွ် အပန္းေျဖအနားယူခြင့္ေတြရလာတတ္ပါတယ္။ ေငြေၾကးနဲ႔ပက္သက္ၿပီး လာဘ္ရႊင္ပါလိမ့္မယ္။ ပိတ္ေနတဲ့ေငြကံေတြျပန္ပြင့္လာပါလိမ့္မယ္။ မိမိစိတ္ပါ၀င္စားစြာ လုပ္ေနတဲ့အလုပ္ေတြကေန အက်ိဳးအျမတ္ေကာင္းစြာရရွိပါလိမ့္မယ္။ေငြေၾကးနဲ႔ပက္သက္ၿပီးစုေဆာင္းႏုိင္ပါ လိမ့္မယ္။ ခံစားခ်က္နဲ႔လုပ္ရတဲ့ အလုပ္ေတြက ပိုမိုတိုးတတ္ပါလိမ့္မယ္။ တတ္ႏိုင္သမွ်အလုပ္ပင္ပန္းေနသူေတြ ဒီကာလအတြင္း အဆင္ေျပတဲ့ တစ္ရက္ရက္မွာ relax ျဖစ္ေအာင္ေနလုိက္တာက အားသစ္ေတြကိုရလာပါလိမ့္ မယ္။ ေျမ၊ျခံ၊တုိက္တာအိုးအိမ္မ်ား ၀ယ္ယူမယ္ဆုိရင္လဲ ဒီကာလဟာ ၀ယ္ယူလုိ႔အထူးေကာင္းပါတယ္။ က်နး္မာ ေရးကေတာ့ အညံ့နည္းပါလိမ့္မယ္။ ဒါေပမဲ့ အရက္အလြန္အကၽြံေသာက္ျခင္းကိုေတာ့ ဒီကာလမွာေရွာင္လုိက္ေစ ခ်င္ပါတယ္။ အခ်စ္ေရးနဲ႔ပက္သက္ၿပီး ခ်စ္သူသစ္ရလြယ္သလို မိိမိကိုယ္တိုင္လဲ စန္းပြင့္ေနပါလိမ့္မယ္။အိမ္ေထာင္ ေရးကံကေတာ့ သင့္ ပါတယ္။ ပညာေရးကံအားနည္းခ်က္မေတြ႔ရပါဘူး။

အက်ိဳးေပးဂဏန္း 0/3/6
အထူးေဟာ စိတ္ေအးခ်မ္းမည္။
ယၾတာ ႏွင္းဆီပန္းဘုရားကပ္လွဴလုိက္ပါ။

#စေန

ဒီကာလအတြင္း မိမိအတြက္ေကာင္းတာေတြရွိသလုိ ဆိုးတာေတြလဲ ရွိေနတတ္ပါတယ္။ အဓိကေတာ့ ဘယ္သူကိုမွ အထက္စီးကမဆက္ဆံမိပါေစနဲ႔။ ေအာက္လက္ငယ္သားေတြျပန္ေတာ္လွန္တာမ်ိဳးေတြႀကံဳရတတ္ပါ တယ္။ အလုပ္အေၾကြးေတြမ်ားေနတာေၾကာင့္လဲ ဖိအားေပးခံရတတ္ပါတယ္။ တတ္ႏိုင္သမွ် သည္းခံၿပီး ေျခသုတ္ ပုဆိုး ေျမြစြယ္က်ိဳးေနမွအဆင္ေျပမဲ့ကာလပါပဲ။ အလုပ္ေတြကို တစ္ခုလက္စသတ္ၿပီးမွ ေနာက္အလုပ္ကိုကိုင္ပါ။ ဟုိစပ္စပ္ဒီစပ္စပ္လုပ္တာမ်ိဳးေတြကိုေတာ့ ေရွာင္လုိက္ေစခ်င္ပါတယ္။ အပင္ပန္းခံမွအဆင္ေျပမဲ့ကာလတစ္ခုပါပဲ။ မိမိတို႔ဆီမွာရွိတဲ့ အဖိုးတန္ပစၥည္းမ်ား လြယ္လင့္တကူ မထားမိပါေစနဲ႔။ က်နး္မာေရးကေတာ့ အနည္းငယ္ဂရု စိုက္ဖို႔လိုအပ္ပါတယ္။ က်န္းမာေရးအားနည္းယုတ္ေလ်ာ့ေန တတ္တဲ့ကာလပါပဲ။ အခ်စ္ေရးကေတာ့ အဆိုးဆံုး အေနအထားကိုဦးတည္ေနပါလိမ့္မယ္။ တတ္နိုင္သ၍သည္းခံ ေစခ်င္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ မိမိနဲ႔အိမ္ ေထာင္ဘက္ ဆန္က်င့္ဘက္ေတြျဖစ္ေနတာ မ်ားေန တတ္ပါတယ္။ ပညာေရးမွာေတာ့ ရပ္ေ၀းနယ္ျခားမွာ ပညာ သင္ရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 7/2/1
အထူးေဟာ ကံအားနည္းေနမည္။
ယၾတာ ထမင္းသုတ္ဘုရားကပ္လွဴၿပီးလိုရာဆုေတာင္းပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလုိအင္ဆႏၵေတြျပည့္၀ပါေစ

#Unicode ျဖင့္ဖတ္ရန္

===================

#တနင်္ဂနွေ

ဒီလိုကာလတွေမှာတော့မိမိအတွက်အရင်ကာလတွေနဲ့မတူတဲ့ အသစ်အဆန်းတွေကို လုပ်ကိုင်ဆောင်ရွက် ရတတ်ပါတယ်။ စီးပွားသစ်၊အလုပ်သစ်၊နေရာသစ်၊ဒေသအသစ်နဲ့ အံဝင်ခွင်ကျဖြစ်နေမဲ့ကာလပါပဲ။ မိမိဖြစ်ချင်တဲ့ ၊မိမိလိုချင်တဲ့ကိစ္စတွေကို ဆရာသမားတွေ၊လူကြီးတွေဆီကနေတဆင့်ခံပြီး ဆောင်ရွက်မှအဆင်ပြေတတ်ပါတယ်။ လူမျိုးခြား၊တစ်စိမ်းတရံတွေကိုဇွတ်မယုံသင့်ပါဘူး။ မိမိကံက ဒီကာလမှာအလိမ်ခံရတတ်လို့သတိပေးတာပါဗျ။ အလုပ်နဲ့ပက်သက်ပြီးတော့လဲ အခက်အခဲတွေကိုကောင်းစွာကျော်ဖြတ်သွားနိုင်ပါလိမ့်မယ်။ မိမိလုပ်ကိုင်နေတဲ့ ကိုယ်ပိုင်စီးပွားရေးတွေလဲ အထူးပဲတိုးတတ်ပါလိမ့်မယ်။ ဘာသာရေးမမေ့သူတွေ၊ကုသိုလ်မပြတ်လုပ်နေသူတွေ ပိုမိုအဆင်ပြေမဲ့ကာလပါပဲ။ မိမိသွားလိုတဲ့ဘုရားဖူးခရီးတွေရှိရင်လဲ ဒီကာလမှာသွားခွင့်ကြုံတတ်ပါတယ်။ ကျန်းမာ ရေးကတော့ အပူကြောင့်ဖြစ်တဲ့ရောဂါတွေဖြစ်လွယ်တယ်။ အရေပြားမှာအပူနာလေးတွေပေါက်တတ်ပါတယ်။ အချစ်ရေးကတော့ မိမိဆန္ဒတွေကို ချစ်သူကအကောင်အထည်ဖော်ပေးပါလိမ့်မယ်။ အိမ်ထောင်ရေးရန်ဖြစ်လိုက် ပြန်တည့်လိုက်ပါပဲ ။ ပညာရေးကံအထူးကောင်းမွန်တာကိုလဲ တွေ့ရပါလိမ့်မယ်။

အကျိုးပေးဂဏန်း 1/2/5
အထူးဟော ကံသင့်ပါလိမ့်မယ်။
ယတြာ ထန်းလျက်ခဲလေးတွေ နီးစပ်ရာခွေးလေးတွေကိုကျွေးလိုက်ပါ။

#တနင်္လာ

ဒီကာလအတွင်းမိမိရဲ့စိတ်ကူးတွေကို အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။အလုပ်တွေချဲ့ထွင်နိုင်ပါလိမ့် မယ်။ အထူးသတိထားစေချင်တာက ဘာလုပ်လုပ် ငွေနိုင်မနိုင်ပြန်ကြည့်ပါ။ အလုပ်တွေကကြီးလာပြီးငွေကမနိုင် တာ ၊အရောင်းအဝယ်တွေကောင်းပေမဲ့ အကြွေးကျတာမျိုးတွေဖြစ်ရတတ်ပါတယ်။ လူငယ်များ အလုပ်ခွင်အတွင်း ချမှတ်ထားတဲ့စည်းကမ်းတွေကိုလိုက်နာနိုင်လေ အဆင်ပြေလေပါပဲ။ ဆရာသမားတွေ၊ မိမိရဲ့အထက်လူကြီးတွေဆီ ကအကြံဉာဏ်ကောင်းတွေရလာတတ်ပါတယ်။ ကံကောင်းနေပေမဲ့ နာမည်ကြီးထမင်းငတ်ဆိုတာမျိုးဖြစ်တတ်ပါ တယ်။ ငွေကိုအသုံးမလွယ်ပါနဲ့။ ခရီးကိစ္စတွေအဆင်ပြေတတ်ပါတယ်။ အနုပညာနဲ့ပက်သက်သောအလုပ်များနှင့် ရေနှင့်ဆက်နွယ်သောအလုပ်များ ပိုမိုတိုးတတ်နိုင်တာကိုတွေ့ရပါတယ်။ ကျန်းမာရေးကတော့ အညံ့မရှိသလောက် ရှားပါတယ်။ အချစ်ရေးကိစ္စတွေမှာတော့ ချစ်သူကအလုပ်အကြောင်းပြပြီး မိမိကိုရှောင်နေတတ်ပါတယ်။ အိမ် ထောင်ရေးကံအညံ့မရှိပေမဲ့ အိမ်ထောင်ဘက်ကျန်းမာရေးအားနည်းနိုင်တာကိုတွေ့ရပါတယ်။ ပညာရေးမှာတော့ မိမိအတွက်အညံ့နည်းပါလိမ့်မယ်။

အကျိုးပေးဂဏန်း 3/6/9
အထူးဟော စီးပွားတိုးတတ်မည်။
ယတြာ သီလရှိအောင်နေတာ ဒီတစ်ပါတ်အတွက်ယတြာပါပဲ။

#အင်္ဂါ
ဒီကာလအတွင်းမိမိအတွက်လိင်ကိစ္စတွေမရှုပ်ဖို့အထူးသတိပေးချင်ပါတယ်။ ခပ်ကင်းကင်းနေသူတွေက ပြဿနာမရှိပေမဲ့အနည်းငယ်ပါဝင်ပက်သက်မိရင်တော့ပြဿနာဖြစ်လာတတ်တဲ့နေ့ရက်တွေပါပဲ။ရပ်ဝေးနဲ့ဆက်စပ် လုပ်ကိုင်ရတဲ့ အလုပ်တွေကအဆင်မပြေတတ်ပါဘူး။ အွန်လိုင်းကနေ ပစ္စည်းမှာမယ်ဆိုရင်လဲ အလိမ်ခံရတာများ နေနိုင်ပါတယ်။ မှာနေကျမဟုတ်ရင်သတိထားပါလို့တိုက်တွန်းလိုက်ပါရစေ။ အောက်လက်ငယ်သားတွေက မိမိ မခိုင်းဘဲနဲ့ အလိုက်တသိလုပ်ပေးထားတဲ့ ကိစ္စတွေကသူတို့ကစေတနာနဲ့ လုပ်ပေမဲ့ အလွဲတွေဖြစ်ရတတ်ပါတယ်။ ကိုယ်ပိုင်အလုပ်များ ပုံမှန်အတိုင်းလည်ပတ်ပါ။ အသစ်မစပါနဲ့။ ကုန်ပစ္စည်းအသစ်တင်မရောင်းပါနဲ့။ စက်ကားနဲ့ ခရီးသွားလုပ်ကိုင်နေသူများ အလုပ်အဆင်ပြေပေမဲ့ စက်ကားပျက်တတ်တာကြောင့် ခရီးမတွင်သလိုဖြစ်ရတတ်ပါ တယ်။ ကျန်းမာရေးနဲ့ပက်သက်ပြီး အားနည်းချက်တွေက ဒီကာလမှာများပါတယ်။ ကိုယ်တိုင်နေကောင်းကျန်းမာ အောင်ဂရုစိုက်ပါလို့ပဲမှာချင်ပါတယ်။အချစ်ရေးကံမညံံပါ။အဆင်ပြေပါလိမ့်မယ်။ အိမ်ထောင်ရေးလဲ သာယာပျော် ရွင်ရပါလိမ့်မယ်။ ပညာရေးနဲ့ပက်သက်ပြီးတော့လဲ အထူးတိုးတတ်နိုင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 4/8/3
အထူးဟော ငြိမ်နေတာအကောင်းဆုံးပါပဲ။
ယတြာ ဓာတ်ဆားရည် မိတ်ဆွေတစ်ဦးကို လှူဒါန်းလိုက်ပါ။

#ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းမိမိအတွက်ရည်ရွယ်ထားတာလေးတွေ၊စိတ်ကူးထားတာလေးတွေရှိရင် အကောင်အထည် မဖော်ပါနဲ့အုံး။ လုပ်လက်စအလုပ်တွေနဲ့တင် မအားလပ်နိုင်ဖြစ်ရတတ်လို့ပါပဲ။ လူငယ်တွေဆိုရင်တော့ လုပ်သလောက်အကျိုးမခံစားရဘူးဆိုပြီး မိမိအလုပ်အပေါ်အပြစ်မြင်နေမိတတ်ပါတယ်။ ဒါကကောင်းတဲ့လက္ခဏာ တော့မဟုတ်ပါဘူး။ အထက်လူကြီးနဲ့ပြဿနာတတ်ရသည်ထိဖြစ်ရတတ်ပါတယ်။ သားသမီးများအတွက်ငွေ ထွက်ရတတ်ပါတယ်။ ခရီးတွေလဲ မထင်မှတ်ဘဲ ထွက်ရတတ်ပါတယ်။ မိမိမသွားလိုတဲ့ ခရီးမျိုးလဲဖြစ်ရင် ဖြစ်ပါလိမ့် မယ်။ စိတ်ပင်ပန်းရာကနေ လူနုန်းပြီး ဖျားနာရတတ်ပါတယ်။ ဒီကာလမှာဖျားနာမိရင် အဖျားနာတာရှည်ဖြစ်လွယ် ပါတယ်။ ကိုယ်ပိုင်စီးပွားရေးများ လူယုံဒုက္ခပေးတတ်ပါတယ်။ ဝန်ထမ်းမမြဲတာ၊ လုပ်သက်ကြာနေပြီဖြစ်တဲ့ ဝန်ထမ်း တွေထွက်သွားတာမျိုးတွေလဲ ကြုံရတတ်ပါတယ်။ အချစ်ရေးနဲ့ပက်သက်ပြီး အလွန်မှစိတ်ချမ်းသာရမှာလိမ့်မယ်။ ဝေးကွာအဆက်အသွယ်ပြတ်နေတဲ့ချစ်သူနဲ့ပြန်ဆုံရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အဆင်မပြေတာများ ပါတယ်။တစ်ယောက်ကအလျော့ပေးသည်းခံမှအဆင်ပြေပါလိမ့်မယ်။ ပညာရေးအားနည်းနေချိန်ပါ။

အကျိုးပေးဂဏန်း 1/5/8
အထူးဟော အနည်းငယ်ပင်ပန်းရတတ်ပါတယ်။
ယတြာ နီးစပ်ရာစေတီရဲ့ မွေးနံထောင့်မှာရေသပ္ပယ်ပါ။

#ကြာသပတေး

ဒီကာလအတွင်းကံကြမ္မာကမိမိကိုမျက်နှာသာပေးပါလိမ့်မယ်။မိမိလုပ်ချင်တာတွေလုပ်နိုင်သလို မိမိရင်ထဲ ကဆန္ဒတွေရှိရင်လဲပြည့်ဝရတတ်ပါတယ်။ အလုပ်တွေနဲ့ ပက်သက်ပြီး အကူအညီတွေအထူးရမယ်။ ရာထူးတိုးခြင်း၊ နေရာကောင်းရခြင်းမျိုးတွေကြုံရတတ်ပါတယ်။ ကုသိုလ်ရေးလုပ်မယ်ဆိုလဲ အဘက်ဘက် ဝိုင်းဝန်ကူညီမဲ့သူတွေနဲ့ ကြုံရတတ်ပါတယ်။ ပရဟိတကိစ္စများအလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ အလုပ်နဲ့ပက်သက်ပြီးအောင်မြင် အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ မိမိတတ်လမ်းမှာနှောင့်ယှက်နေတဲ့ ကိစ္စတွေကို ကောင်းစွာဖြေရှင်းသွားနိုင်ပါ လိမ့်မယ်။နိုင်ငံခြားနဲ့တိုက်ရိုက်ဆက်စပ်လုပ်ကိုင်ရသောအလုပ်တွေကိုတော့ သတိနဲ့ယှဉ်ပြီးဆောင်ရွက်လိုက်ပါ။ သမထ၊ဝိပဿနာ ပွားများသူများ အရင်ကမခံစားဘူးတဲ့ငြိမ်းအေးမှုတွေကိုရရှိတတ်ပါတယ်။ ကျန်းမာရေးကတော့ သိပ်ပြီးညံ့နေတာမျိုးမတွေ့မိပါဘူး။ ဆရာအလုပ်ဖြင့် ရပ်တည်အသက်မွေးသူများ ပိုမိုအဆင်ပြေတိုးတတ်ပါလိမ့် မယ်။ အချစ်ရေးကံကောင်းနေပေမဲ့ ချစ်သူနဲ့ဆုံဖို့ခက်ခဲပါလိမ့်မယ်။ အိမ်ထောင်ရေးအတွက်စိတ်ပူစရာမလိုသေးတဲ့ နေ့ရက်တွေပါပဲ။ ပညာရေး ကံအမြင့်မားဆုံးကာလတွေါပဲ။

အကျိုးပေးဂဏန်း 2/5/9
အထူးဟော ကံမြင့်နေမည်။
ယတြာ ဒီကာလအတွင်း ပရိတ်ပဋ္ဌာန်းများများရွတ်ပွားပါ။

#သောကြာ

ဒီကာလအတွင်းမိမိအတွက် အဆင်ပြေတာတွေများနေပါလိမ့်မယ်။ မိမိသွားချင်တာတွေသွားခွင့်ရသလို မိမိစားချင်တာတွေကိုလဲ စားခွင့်ရလာပါလိမ့်မယ်။ ပင်ပန်းခဲ့သမျှ အပန်းဖြေအနားယူခွင့်တွေရလာတတ်ပါတယ်။ ငွေကြေးနဲ့ပက်သက်ပြီး လာဘ်ရွှင်ပါလိမ့်မယ်။ ပိတ်နေတဲ့ငွေကံတွေပြန်ပွင့်လာပါလိမ့်မယ်။ မိမိစိတ်ပါဝင်စားစွာ လုပ်နေတဲ့အလုပ်တွေကနေ အကျိုးအမြတ်ကောင်းစွာရရှိပါလိမ့်မယ်။ငွေကြေးနဲ့ပက်သက်ပြီးစုဆောင်းနိုင်ပါ လိမ့်မယ်။ ခံစားချက်နဲ့လုပ်ရတဲ့ အလုပ်တွေက ပိုမိုတိုးတတ်ပါလိမ့်မယ်။ တတ်နိုင်သမျှအလုပ်ပင်ပန်းနေသူတွေ ဒီကာလအတွင်း အဆင်ပြေတဲ့ တစ်ရက်ရက်မှာ relax ဖြစ်အောင်နေလိုက်တာက အားသစ်တွေကိုရလာပါလိမ့် မယ်။ မြေ၊ခြံ၊တိုက်တာအိုးအိမ်များ ဝယ်ယူမယ်ဆိုရင်လဲ ဒီကာလဟာ ဝယ်ယူလို့အထူးကောင်းပါတယ်။ ကျန်းမာ ရေးကတော့ အညံ့နည်းပါလိမ့်မယ်။ ဒါပေမဲ့ အရက်အလွန်အကျွံသောက်ခြင်းကိုတော့ ဒီကာလမှာရှောင်လိုက်စေ ချင်ပါတယ်။ အချစ်ရေးနဲ့ပက်သက်ပြီး ချစ်သူသစ်ရလွယ်သလို မိမိကိုယ်တိုင်လဲ စန်းပွင့်နေပါလိမ့်မယ်။အိမ်ထောင် ရေးကံကတော့ သင့် ပါတယ်။ ပညာရေးကံအားနည်းချက်မတွေ့ရပါဘူး။

အကျိုးပေးဂဏန်း 0/3/6
အထူးဟော စိတ်အေးချမ်းမည်။
ယတြာ နှင်းဆီပန်းဘုရားကပ်လှူလိုက်ပါ။

#စနေ

ဒီကာလအတွင်း မိမိအတွက်ကောင်းတာတွေရှိသလို ဆိုးတာတွေလဲ ရှိနေတတ်ပါတယ်။ အဓိကတော့ ဘယ်သူကိုမှ အထက်စီးကမဆက်ဆံမိပါစေနဲ့။ အောက်လက်ငယ်သားတွေပြန်တော်လှန်တာမျိုးတွေကြုံရတတ်ပါ တယ်။ အလုပ်အကြွေးတွေများနေတာကြောင့်လဲ ဖိအားပေးခံရတတ်ပါတယ်။ တတ်နိုင်သမျှ သည်းခံပြီး ခြေသုတ် ပုဆိုး မြွေစွယ်ကျိုးနေမှအဆင်ပြေမဲ့ကာလပါပဲ။ အလုပ်တွေကို တစ်ခုလက်စသတ်ပြီးမှ နောက်အလုပ်ကိုကိုင်ပါ။ ဟိုစပ်စပ်ဒီစပ်စပ်လုပ်တာမျိုးတွေကိုတော့ ရှောင်လိုက်စေချင်ပါတယ်။ အပင်ပန်းခံမှအဆင်ပြေမဲ့ကာလတစ်ခုပါပဲ။ မိမိတို့ဆီမှာရှိတဲ့ အဖိုးတန်ပစ္စည်းများ လွယ်လင့်တကူ မထားမိပါစေနဲ့။ ကျန်းမာရေးကတော့ အနည်းငယ်ဂရု စိုက်ဖို့လိုအပ်ပါတယ်။ ကျန်းမာရေးအားနည်းယုတ်လျော့နေ တတ်တဲ့ကာလပါပဲ။ အချစ်ရေးကတော့ အဆိုးဆုံး အနေအထားကိုဦးတည်နေပါလိမ့်မယ်။ တတ်နိုင်သ၍သည်းခံ စေချင်ပါတယ်။ အိမ်ထောင်ရေးကတော့ မိမိနဲ့အိမ် ထောင်ဘက် ဆန်ကျင့်ဘက်တွေဖြစ်နေတာ များနေ တတ်ပါတယ်။ ပညာရေးမှာတော့ ရပ်ဝေးနယ်ခြားမှာ ပညာ သင်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း 7/2/1
အထူးဟော ကံအားနည်းနေမည်။
ယတြာ ထမင်းသုတ်ဘုရားကပ်လှူပြီးလိုရာဆုတောင်းပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

#Pissaya_general news

#Crd_ ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)

Related posts