




Unicode ဖြင့်ဖတ်ရန်

==================

အင်ဒိုနီးရှားနိုင်ငံမှာ ပြင်းအား ၇.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်

အင်ဒိုနီးရှားနိုင်ငံ မာလူကူပြည်နယ်အနီး ပင်လယ်ပြင်မှာ မနေ့က မနက်ပိုင်းက ပြင်အား ၇.၄ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။
ငလျင်ဟာ ပင်လယ်ပြင်ကိုဗဟိုပြုလုပ်ခတ်ခဲ့တာဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံမိုးလေဝသဆိုင်ရာ အေဂျင်စီက ထုတ်ပြန်ပါတယ်။
ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုစာရင်းကို လက်ရှိမှာ စိစစ်နေဆဲဖြစ်ကြောင်း သိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်သမုဒ္ဒရာ ငလျင်ကြောမှာ တည်ရှိနေတဲ့အတွက် နှစ်စဉ် ငလျင်ကြီးငလျင်ငယ် အကြိမ် ထောင်နှင့်ချီလှုပ်ခတ်လေ့ရှိကြောင်း သိရပါတယ်။

#Pissaya_International News

Related posts