အီဂ်စ္သမၼတေဟာင္း ေမာ္စီ တရားရံုးမွာ လဲက်ေသဆံုး

အာဏာသိမ္းစစ္အစိုးရဲ႔ ဖမ္းဆီးျခင္းကုိ ခံထားရၿပီး အမႈရင္ဆိုင္ေနရတဲ့ အီဂ်စ္သမၼတေဟာင္း ေမာ္စီဟာ မေန႔က တရားရံုးမွာ လဲက်ေသဆံုးခဲ့ေၾကာင္း သိရပါတယ္။

သမၼတေဟာင္းေမာ္စီဟာ ဆီးခ်ိဳ၊ အသည္းနဲ႔ေက်ာက္ကပ္ေရာဂါ ကုိခံစားေနရသူျဖစ္ၿပီး အက်ဥ္းေထာင္အတြင္း က်န္းမာေရးေစာင့္ေရွာက္မႈအျပည့္အ၀ မရခဲ့ဘူးလို႔ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႔ေတြက ေ၀ဖန္ေထာက္ျပေနၾကပါတယ္။

အာဏာရွင္ မူဘာရက္ ရာထူးကေနျပဳတ္က်ၿပီးေနာက္ သမၼတေဟာင္း ေမာ္စီ ဟာ ပထမဆံုး ဒီမိုကေရစီနည္းအရ ေရြးေကာက္တင္ေျမာက္ခံခဲ့ရတဲ့ သမၼတ တစ္ဦးလည္း ျဖစ္ပါတယ္။

ဆႏၵျပသူမ်ားကို သတ္ျဖတ္မႈ၊ တရားေရးကို မထီမဲ့ျမင္ျပဳမႈ၊ ေထာင္ေဖာက္ဖို႔ႀကိဳးစားမႈေတြ အပါအ၀င္ စြဲခ်က္မ်ိဳးစံုနဲ႔ တရားရင္ဆိုင္ေနရစဥ္ သမၼတေဟာင္း ေမာ္စီဟာ တရားရံုးမွာ လဲက်ေသဆံုးခဲ့တာလည္း ျဖစ္ပါတယ္။

Unicode ျဖင့္ဖတ္ရန္

=====================

အီဂျစ်သမ္မတဟောင်း မော်စီ တရားရုံးမှာ လဲကျသေဆုံး
==========
အာဏာသိမ်းစစ်အစိုးရဲ့ ဖမ်းဆီးခြင်းကို ခံထားရပြီး အမှုရင်ဆိုင်နေရတဲ့ အီဂျစ်သမ္မတဟောင်း မော်စီဟာ မနေ့က တရားရုံးမှာ လဲကျသေဆုံးခဲ့ကြောင်း သိရပါတယ်။
သမ္မတဟောင်းမော်စီဟာ ဆီးချို၊ အသည်းနဲ့ကျောက်ကပ်ရောဂါ ကိုခံစားနေရသူဖြစ်ပြီး အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အ၀ မရခဲ့ဘူးလို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေက ဝေဖန်ထောက်ပြနေကြပါတယ်။
အာဏာရှင် မူဘာရက် ရာထူးကနေပြုတ်ကျပြီးနောက် သမ္မတဟောင်း မော်စီ ဟာ ပထမဆုံး ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြောက်ခံခဲ့ရတဲ့ သမ္မတ တစ်ဦးလည်း ဖြစ်ပါတယ်။
ဆန္ဒပြသူများကို သတ်ဖြတ်မှု၊ တရားရေးကို မထီမဲ့မြင်ပြုမှု၊ ထောင်ဖောက်ဖို့ကြိုးစားမှုတွေ အပါအဝင် စွဲချက်မျိုးစုံနဲ့ တရားရင်ဆိုင်နေရစဉ် သမ္မတဟောင်း မော်စီဟာ တရားရုံးမှာ လဲကျသေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

#Pissaya_International News

Related posts