




Unicode ဖြင့်ဖတ်ရန်

=====================

ဆိုမာလီယာမှာ ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် ၁၀ ဦးသေ၊ ၂၆ ဦး ဒဏ်ရာရ
=====================================================
ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမှာ ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် ၁၀ ဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရှိခဲ့ကြောင်း ဆိုမာလီယာရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဗုံးခွဲတိုက်ခိုက်မှုဟာ လွှတ်တော်အဆောက်အဦးနားမှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုဟာ ယင်းတို့ရဲ့ လက်ချက်ဖြစ်ကြောင်း ဆိုမာလီယာ အယ်လ်ရှာဘတ်များက ကြေညာထားပါတယ်။
ဆိုမာလီယာ အယ်လ်ရှာဘတ်အဖွဲ့ဟာ အယ်လ်ကိုင်ဒါးနဲ့ဆက်စပ်နေတဲ့ အစွန်းရောက်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

#Pissaya_International News

Related posts