







Unicode ဖြင့်ဖတ်ရန်

=====================

လေဖြတ်ခြင်းရောဂါကို ကြိုတင်သိရှိနိုင်မယ့်လက္ခဏာလေးများ
ယခုခေတ်လူကြီး ၊ လူငယ်မရွေး ကျန်းမာရေးကိုလိုက်စားလာနေတာနဲ့အမျှ လေဖြတ်ခြင်း ရောဂါ တစ်မျိုးလည်း သတိထားစရာရောဂါတစ်ခုဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုရင် လေဖြတ်ခြင်းက အသက်အရွယ် မရွေးဖြစ် တတ်တာ ကြောင့် မို့လို့ပါ။ ဒါကြောင့် လေဖြတ်ခြင်းလက္ခဏာကို ကြိုတင် သိရှိစေနိုင်ဖို့အတွက် လက္ခဏာလေးတွေကို Pissaya News ပရိတ်သတ်ကြီး အတွက်မျှဝေ လိုက် ပါတယ်။
ကြိုတင်သိရမယ့်အခြေအနေလေးတွေကတော့
– မျက်နှာ ၊ လက် ၊ ခြေတစ်ဖက် ရုတ်တရက် ထုံခြင်း ၊ လေးလံခြင်း ၊ မျက်နှာရွဲ့ခြင်း။
– ရုတ်တရက်စကားပြောမရခြင်း ၊ ပြောသောစကားကိုနားမလည်ခြင်း ၊ စကားဗလုံးဗထွေးဖြစ် ခြင်း ။
– ရုတ်တရက်အမြင်အာရုံဝေဝါးခြင်း ၊ နှစ်ထပ်မြင်ခြင်း ။
– ရုတ်တရက်လမ်းမလျှောက်နိုင်တော့ခြင်း ၊ ဒယီးဒယိုင်ဖြစ်ခြင်း ၊ လက်မမြှောက်နိုင်တော့ခြင်း။
– ရုတ်တရက်မူးဝေခြင်း ၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း။

Related posts