


နည်းလမ်းတွေကတော့


Unicode ဖြင့်ဖတ်ရန်

====================

ဝမ်းပျက်ဝမ်းလျှောမဖြစ်စေရန် ဘယ်လိုနေထိုင်စားသောက်ကြမလဲ
လူတိုင်းဟာ နေ့စဉ်အစာအာဟာရတွေကို မျှတစွာစားသုံးရပါမယ်။ သင့်တင့်လျောက်ပတ်တဲ့ အစားအစာတွေ လည်းဖြစ်ရပါမယ်။ ဒါကြောင့်ကိုယ်စားတဲ့အစားအစာကလည်း သန့်ရှင်းလတ်ဆတ်နေမှသာလျှင် ကျန်းမာရေး နဲ့ညီညွတ်မှာဖြစ်ပါတယ်။ မသန့်ရှင်းတဲ့အစားအစာတွေကိုစားသုံးမိရင်တော့ ကျန်းမာရေးကိုထိခိုက်လာနိုင်ပြီး ဝမ်းပျက်ဝမ်းလျှောတာတွေဖြစ်တတ်ပါတယ်။
ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောမဖြစ်စေရန် ဘယ်လိုနေထိုင်စားသောက်သင့်သလဲဆိုတာကိုတော့ Pissaya News ပရိတ်သတ်ကြီးအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
နည်းလမ်းတွေကတော့
– မလတ်ဆတ်တဲ့ အသီးအနှံတွေကို ရှောင်ရပါမယ်။
– လက်လုပ်ချဉ်အချဉ်အစပ်တွေကို မစားသုံးသင့်ပါဘူး
– ဝမ်းနုတ်ဆေးတွေကိုအလွယ်တကူမသောက်သုံးသင့်ပါဘူး။
– အချဉ်ရည်တွေကိုစားသုံးတဲ့အခါမှာ သတိထားပြီးစားသုံးသင့်ပါတယ်။
– သောက်ရည်သန့်ရှင်းမှုဂရုပြုရပါမယ်။
– အပြင်စာများစားခြင်းတတ်နိုင်သမျှရှောင်ပါ။
– မသန့်ရှင်းသောရေခဲများစားခြင်းကိုရှောင်ပေးပါ။
– အစာမစားမီနဲ့ အိမ်သာကအထွက်လက်ဆေးရပါမယ်။
– အစားအသောက်များကို ယင်မနားစေရန်လုံခြုံစွာထားရပါမယ်။

Related posts