မွေးနေ့မှာ အလှူအတန်းတွေ ပြုလုပ်ခဲ့တဲ့ သရုပ်ဆောင်ခန့်စည်သူ

ဒီကနေ့ ဇွန်လ (၁၁)ရက်နေ့ကတော့ သရုပ်ဆောင် ခန့်စည်သူရဲ့ မွေးနေ့ဖြစ်တယ်လို့ သိရပါတယ်။

သရုပ်ဆောင်ခန့်စည်သူဟာ သူရဲ့ မွေးနေ့တိုင်းမှာ အလှူအတန်း ပြုလုပ်နေတာကို တွေ့ရပါတယ်။

ဒီကနေ့မှာလဲ သရုပ်ဆောင်ခန့်စည်သူက ကျောက်ပန်းတောင်း ဘိုးဘွားရိပ်သာဖြစ်မြောက်ရေးအဖွဲ့အတွက် လိုအပ်နေတဲ့ စက်ရေ တွင်းနဲ့ ရေကန်အတွက် အလှူငွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။ အဲဒီလို သွားရောက်လှူဒါန်းတဲ့ နေရာမှာ မေတ္တာသင်္ဂဟအဖွဲ့ စက်ရေတွင်းအတွက် လှူဒါန်းခဲ့ပြီး ခန့်စည်သူကတော့ ရေကန်ဆောက်လုပ်ဖို့အတွက် အလှူငွေ (၂၅)သိန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ကျောက်ပန်းတောင်းဘိုးဘွားရိပ်သာဖြစ်မြောက်ရေးအဖွဲ့အတွက်လိုအပ်နေသောစက်ရေတွင်းကိုမေတ္တာသင်္ဂဟအဖွဲ့ကိုယ်စားလှူဒါန်း၍ ရေကန်ကို ယနေ့ကျရောက်သော မွေးနေ့အထိမ်းအမှတ်အဖြစ် (၂၅)သိန်းလှူဒါန်းခဲ့ပါတယ်။လှူဒါန်းမှုအစုစုတို့အား (၇)ရက်သား၊ သမီးအပေါင်းတို့ကို မျှဝေပါတယ်။သာဓုခေါ်ဆိုနိုင်ကြပါစေခင်ဗျာ” ဆိုပြီး ဇွန်လ(၁၁) ရက်နေ့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသား ထားတာတွေ့ရပါတယ်။

သရုပ်ဆောင်ခန့်စည်သူအတွက် ချစ်တဲ့ ပရိတ်သတ်ကြီးက မွေးနေ့ဆုတောင်း စကားတွေတောင်းပေးထားကြတာလဲတွေ့ရပါတယ်။

Photo Credit

Related posts