အဆိုေတာ္နန္းျမတ္ၿဖိဳးသင္းမွ ေမြးေန႕စတုဒိသာအလွဴျပဳလုပ္ခဲ့

အဆိုေတာ္ ၊ သရုပ္ေဆာင္ျဖစ္တဲ့ နန္းျမတ္ၿဖိဳးသင္းကေတာ့ သူမရဲ႕ေမြးေန႔အလွဴကို မေန႕က ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ရွိ ဓမၼပါလ ေက်ာင္းခန္းမ ၊ သာဓုေက်ာင္းတိုက္ မွာ ညေန(၄)နာရီကေန (၆)နာရီ ထိျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

သူမရဲ႔ေမြးေန႕အလွဴပြဲမွာ ထမင္း ၊ ဘဲဥခ်ဥ္ဟင္း ၊ သီးစံုပဲကုလားဟင္းနဲ႕ငပိေၾကာ္ကို လူအေယာက္(၅၀၀)စာ စတုဒိသာအလွဴျပဳလုပ္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

နန္းျမတ္ၿဖိဳးသင္းရဲ႕ ေမြးေန႕အလွဴေလးကိုေတာ့ သူမကိုခ်စ္တဲ့ ပရိတ္သတ္မ်ားကေန စီစဥ္လုပ္ေဆာင္ေပးခဲ့တာျဖစ္ေၾကာင္းလည္း သူမရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာကေန ေဖာ္ျပထားေၾကာင္းသိရပါတယ္။

Unicodeျဖင့္ဖတ္ရန္

=================

အဆိုတော်နန်းမြတ်ဖြိုးသင်းမှ မွေးနေ့စတုဒိသာအလှူပြုလုပ်ခဲ့
အဆိုတော် ၊ သရုပ်ဆောင်ဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းကတော့ သူမရဲ့မွေးနေ့အလှူကို မနေ့က ကြည့်မြင်တိုင်မြို့နယ်ရှိ ဓမ္မပါလ ကျောင်းခန်းမ ၊ သာဓုကျောင်းတိုက် မှာ ညနေ(၄)နာရီကနေ (၆)နာရီ ထိပြုလုပ်ခဲ့တာဖြစ်ပါတယ်။
သူမရဲ့မွေးနေ့အလှူပွဲမှာ ထမင်း ၊ ဘဲဥချဉ်ဟင်း ၊ သီးစုံပဲကုလားဟင်းနဲ့ငပိကြော်ကို လူအယောက်(၅၀၀)စာ စတုဒိသာအလှူပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
နန်းမြတ်ဖြိုးသင်းရဲ့ မွေးနေ့အလှူလေးကိုတော့ သူမကိုချစ်တဲ့ ပရိတ်သတ်များကနေ စီစဉ်လုပ်ဆောင်ပေးခဲ့တာဖြစ်ကြောင်းလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ဖော်ပြထားကြောင်းသိရပါတယ်။

Related posts