
Unicode ဖြင့်ဖတ်ရန်
=================

ရီးရဲလ်အသင်းရဲ့ တန်ဖိုးအကြီးမားဆုံးကစားသမားအဖြစ် ဟာဇက် မှတ်တမ်းဝင်
ချယ်လ်ဆီးအသင်း နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ သဘောတူညီချက်အရ ဟာဇက်ရဲ့ ပြောင်းရွေ့ ကြေးဟာ စုစုပေါင်း ပေါင်သန်း ၁၃၀ ထိရှိပြီး ဒါဟာ ရီးရဲလ်အသင်းရဲ့ သမိုင်းတစ်လျောက် တန်ဖိုးအမြင့်ဆုံး ပေးချေရမှုလည်း ဖြစ်လာပါတယ်။
သဘောတူညီချက်အရ ပြောင်းရွှေ့ကြေး ပေါင်(၈၈)သန်းအထိ ရီးရဲလ်က ပေးချေရမှာဖြစ်ပြီး ကစားသမားရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ကာ နောက်ထပ်ပေးချေရမှုအဖြစ် စုစုပေါင်း ပေါင်သန်း (၁၃၀)အထိ ရှိလာမှာလည်း ဖြစ်တယ်လို့ လည်း သိရပါတယ်။
ဒါကြောင့် ဟာဇက်ဟာ ရီရဲလ်မက်ဒရစ် အသင်းရဲ့ သမိုင်းတလျောက် တန်ဖိုးအကြီးမား ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့တာလည်းဖြစ်ပါတယ်။

#Pissaya_Sport

 
#Pissaya_Sport

Related posts