အရေးပေါ်ဆေးရုံတင်လိုက်ရတဲ့ ဟာသသရုပ်ဆောင် ဦးမိုးဒီ

ဟာသလူရွှင်တော် ဦးမိုးဒီက ပုပ္ပါးမှာ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးနေရင်း အသက်ရှူကျပ်ပြီး အမောဖောက်လာတာကြောင့် အရေးပေါ် ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။

ဦးမိုးဒီဟာ အသက်ရှူကျပ် အမောဖောက်လာတာကြောင့် ရန်ကုန် သို့မဟုတ် နီးစပ်ရာဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ရကြောင်း အနုပညာရှင် အသိုင်းအ၀ိုင်းက အခုလိုဖေ့ဘွတ်အကောင့်မှာ ရေး ထားတာတွေ့ရပါတယ်။

‘’ 6.6.2019 ဦးမိုးဒီ ပုပ္ပါးမှာဇာတ်ကားရိုက်နေရင်း အသက်ရှုကျပ်အမောဖောက်လာသဖြင့် ရန်ကုန် သို့ မဟုတ် နီးစပ်ရာဆေးရုံသို့  အမြန်ပို့ဆောင်နေပါကြောင်း’’ ဆိုပြီး ရေးထားပါတယ်။

သရုပ်ဆောင် ဦးမိုးဒီအတွက် သူကိုချစ်တဲ့ ပရိသတ်တွေက စိုးရိမ်နေကြတာပြီး အမြန်နေပြန်ကောင်းလာဖို့ ဆုတောင်းပေးထားတာလဲ တွေ့ရပါတယ်။

Related posts