



Unicode ဖြင့်ဖတ်ရန်

====================

နိုင်ငံတော်သမ္မတဦးဝင်းမြင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့ ဒုတိယအကြိမ် သက်တမ်း
ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ရန်အိန္ဒိယနိုင်ငံသို့ထွက်ခွာ
နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဟာ အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့ ဒုတိယအကြိမ် သက်တမ်း
ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ရန်အိန္ဒိယနိုင်ငံသို့ထွက်ခွာ ဒီကနေ့ မနက်ပိုင်းက ထွက်ခွာသွားကြောင်း သိရပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်အတူ အဖွဲ့ဝင်အဖြစ် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့ BJP ပါတီဟာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

Pissaya_News

Related posts