



Unicode ဖြင့်ဖတ်ရန်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးအမေရိကန် ကူညီမည်
မြန်မာနိုင်ငံမှ ဆောင်ရွက်နေတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အမေရိကန်က ဆက်လက်ကူညီထောက်ပံ့မှုတွေပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး စကော့မာစီရယ် တို့တွေ့ဆုံစဉ် သံအမတ်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ ဖြစ်ကြောင်း အမေရိကန်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မေလ ၂၂ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှာ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကောမာစီရယ် တို့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

#Pissaya-General News

Related posts