မွေးနေ့ပွဲ နဲ့ ပစ္စည်းသစ်မိတ်ဆက်ပွဲကို တစ်ပြိုင်နက်တည်း ကျင်းပခဲ့တဲ့ အလှမယ် မိုးစက်ဝိုင်

အလှမယ် မိုးစက်ဝိုင် ဟာ သူမရဲ့ မွေးနေ့နဲ့ MOEZY Cosmetic မှအသစ်ထပ်မံထုတ်လုပ်မယ့် ပစ္စည်းသစ် မိတ်ဆက်ပွဲကို မေလ(၂၀) ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ ပြည်လမ်းရှိ Novotel Yangon Max မှာ တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဲ့ဒီပွဲမှရရှိလာတဲ့ အလှူငွေတွေကိုလည်း မိဘမဲ့ကလေးတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ကျောင်းတွေမှာ ကလေးငယ်တွေအတွက် Indoor ကစားကွင်းလေးတွေလှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မိုးစက်ဝိုင်ရဲ့ “Let Party With Wine” ပွဲကိုတော့ သူမရဲ့ ချစ်ခင်ရတဲ့မိသားစု အပေါင်းအသင်းမိတ်ဆွေအပြင် အနုပညာရှင်များစွာလည်း တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

#Pissaya_News

Related posts