မွေးနေ့အကြိုပြုလုပ်ခဲ့တဲ့ သရုပ်ဆောင်ဧငြိမ်းဖြူ

 ရေဒီယိုဇာတ်လမ်းတွဲကနေ ပရိသတ်အသိများလာတဲ့ သရုပ်ဆောင်ဧငြိမ်းဖြူဟာဆိုရင်တော့ မနက်ဖြန် မေလ(၂၄) ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့ မွေးနေ့အကြိုကို တွံ့တေးမြို့မင်္ဂလာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သူမကိုမွေးထုတ်ပေးခဲ့တဲ့ မိဘများကိုလည်း ငွေကျပ် (၁၀)သိန်းဖြင့် ကန်တော့ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါမွေးနေ့အကြို အလှူကိုတော့ ချစ်ရတဲ့သူတွေနဲ့ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ကြောင်းလည်းသူမရဲ့ လူမှုကွန်ယက်စာမျက်နှာ မှာဖော်ပြထားကြောင်းသိရပါတယ်။

#Pissaya_News

Photo;ANP’s FB

Related posts