လူထုတ်ပုံအမှားကြောင့် အရေးနိမ့်ခဲ့ရတဲ့ အာဆင်နယ်

 နည်းပြအူနိုင်းအမ်မရီရဲ့ လူထုတ်ပုံတွေကြောင့် မနေ့က ကစားခဲ့တဲ့ ပဲလေ့စ်အသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်း ၃-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။

မနေ့က ကစားခဲ့တဲ့ ပွဲမှာ ခံစစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းအပြောင်းအလဲက အာဆင်နယ်ကို ရှုံးပွဲကြုံတွေ့စေတယ်ဆိုလည်း မမှားပါဘူး။ ခံစစ်အမှားတွေအားနည်းချက်တွေကြောင့် ပဲလေ့စ်ကအခွင့်ကောင်းကို အသုံးချခဲ့ပြီး ၃ဂိုးသွင်းခဲ့တာပါ။

ပဲလေ့စ်အတွက် ဘန်တက်ကေ၊ ဇာဟာနဲ့ မက္ကသာတို့ ဂိုးတွေ သွင်းခဲ့ပြီး အာဆင်နယ်အတွက် အိုဇေးလ်နဲ့ အဘာမီယန်တို့ဂိုးတွေ သွင်းခဲ့ကြတာဖြစ်ပြီး ပွဲအပြီးမှာတော့ အာဆင်နယ်အသင်း ၃-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။

#Pissaya_Sport

Related posts