အိန္ဒိယဥပဒေပြုအမတ်လုပ်ကြံခံရ

အိန္ဒိယနိုင်ငံ ချတ်တီးစဂတ်ပြည်နယ်(Chhattisgarh) အလယ်ပိုင်းမှာဧပြီ ၉ရက်နေ့က ပြည်နယ်ဥပဒေပြု အမတ်တစ်ဦး လုပ်ကြံခံခဲ့ရကြောင်း သိရပါတယ်။

Naxalsလက်နက်ကိုင် သူပုန်များက ဖောက်ခွဲရေးပစ္စည်းများအသုံးပြုပြီး တိုက်ခိုက်ခဲ့တာကြောင့် ပြည်နယ်ဥပဒေပြုအမတ်အပြင် သူရဲ့လုံခြုံရေး ၅ ဦးလည်း သေဆုံးခဲ့ရပါတယ်။

အခုလိုလုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ် နာရန်ဒါမိုဒီ က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

#Pissaya_International News

Related posts