အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ရတဲ့ မန်ယူ

ဒီကနေ့ မနက်အစောပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တခုဖြစ်တဲ့ ဘာစီလိုနာနဲ့ မန်ယူပွဲမှာ ၁-၀ ဂိုးနဲ့ မန်ယူအသင်းအရေးနိမ့်ခဲ့ရပါတယ်။

ဘာစီလိုနာကို ယှဉ်ပြိုင်ဖို့အတွက် နည်းပြဆိုးရှား တစ်ယောက် လူစုံပွဲထုတ်လာခဲ့ပေမယ့် ပွဲအစပိုင်းမှာ ဘာစီလိုနာအသင်း ပိုမိုထိုးဖောက်နိုင်ခဲ့ပြီး (၁၂)မိနစ်မှာ မန်ယူနောက်ခံလူ လုခ်ရှော ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့လို့ ဘာစီလိုနာအသင်း ဦးဆောင်နိုင်ခဲ့ပါတယ်။

အိမ်ကွင်းရှုံးပွဲကြောင့် မန်ယူအသင်းအတွက်ကတော့ ဆီမီးဖိုင်နယ်တက်ခွင့်က ပိုမိုခက်ခဲသွားခဲ့တာလည်းဖြစ်ပါတယ်။

#Pissaya_Sport

Related posts