ပျက်ဆီးနေတဲ့ဆံသားလေတွေ ဘယ်လိုထိန်းသိမ်းမလဲ

မိမိတို့ရဲ့ဆံသားလေးတွေမှာ အဖျားနှစ်ခွဖြစ်တာတို့ ရေဓါတ်ခြောက်ခမ်းတာတို့အရောင်ဆိုးခြင်း ကြောင့်ဆံသားပျက်စီးတာတွေ ဖြစ်တတ်ကြပါတယ်။ဒါကြောင့်မိမိအိမ်မှာ  ပျက်ဆီးနေတဲ့ဆံသား လေးတွေကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့အတွက် Pissaya News ပရိတ်သတ်ကြီးအတွက်ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

ဆံသားလေးတွေ ပြန်ကောင်းလာဖို့ဆိုရင်

  • အစိုဓါတ်လေးတွေပြန်ဖြည့်ဖို့လိုပါတယ်။
  • အညစ်အကြေးတွေဖယ်ရှားဖို့လိုပါတယ်။
  • ပျက်ဆီးနေတဲ့ဆံသားတွေပြုပြင်ဖို့လိုပါတယ်။
  • ပိုမိုတောက်ပအောင်လုပ်ဖို့လိုပါတယ်။
  • ဆံပင်ကြီးထွားမှုပိုကောင်းအောင်လုပ်ဖို့လိုပါတယ်။
  • ပျော့ပျောင်းအောင်လုပ်ဖို့လိုပါတယ်။
  • Ph Level ထိန်းညှိကြဖို့လိုပါတယ်။

ပြုလုပ်ရမယ့်နည်းလမ်းတွေကတော့

(၁) သံလွင်ဆီစားပွဲတင်ဇွန်း(၁)ဇွန်းနဲ့ဒိန်ချဉ် လေးပုံတစ်ပုံကို ရောပြီးမွှေပေးပါ။ပြီးလျှင်ဆံပင်ကိုအနှံ့ လိမ်းပေးပါ။ (၁၅)မိနစ် မိနစ်(၂၀) ကြာပြီလျှင် ရေဆေးချပေးပါ။ မိမိရဲ့ဆံသားလေးတွေ အစိုဓါတ်ပြန် ပြည့်လာပါလိမ့်မယ်။

(၂)ဆားစားပွဲတင်ဇွန်း(၂)ဇွန်း ၊ သံပုရာရည်စားပွဲတင်ဇွန်း (၂)ဇွန်း  နဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း (၂) ဇွန်းတို့ကို ဆံပင်အနှံ့လိမ်းပြီး နှိပ်နယ်ပေးပါ။ ပြီးရင်ခေါင်းလျှော်ပေးပါ။

(၃)ဌက်ပျောသီးတစ်လုံးနဲ့ ပျားရည်စားပွဲတင်ဇွန်း (၁)ဇွန်းကို ထည့်ပြီး ကြိတ်မွေပေးပါ။ ပြီးရင်ဆံကေ သာကိုလိမ်းပေးပါ။ ချောမွေ့မှုမရသေးခင်အထိ ထပ်ခါထပ်ခါလုပ်နိုင်ပါတယ်။ ပြီးရင်တော့ရေဆေးချ ပေးပါ။

(၄)ကြက်ဥ ၊ အုန်းရည်တစ်ခွက်စာရယ် ၊ သံလွင်ဆီစာပွဲတင်ဇွန်း (၁)ဇွန်းကို ရောမွှေပြီး ဦးရေပြားပေါ်လိမ်းပေးပါ။ (၁၅)မိနစ် ၊ မိနစ်(၂၀)ကြာရင် ရေဆေးချပေးပါ။

(၅)ကြက်ဥ  ၊ အုန်းဆီအနည်းငယ်နဲ့ လက်ဖက်စိမ်းမှုန့်စားပွဲတင်ဇွန်း(၁)ဇွန်းတို့ကို ရောပြီးမွှေပေး ပါ။ ဘီးကိုအသုံးပြုပြီး ဆံပင်ရော ၊ ဦးရေရော အနှံလိမ်းပေးပါ။ မိနစ်(၃၀)ထားပြီးခေါင်းလျှော်ပေးပါ။

(၆)အုန်းဆီစားပွဲတင်ဇွန်း(၂)ဇွန်းနဲ့ ပျားရည်စားပွဲတင်ဇွန်း(၁)ဇွန်း ကိုရောမွှေပြီး မိနစ်အနည်းငယ် လောက်အပူပေးပါ။မိနစ်(၃၀)မှ (၁)နာရီလောက် ရေချိုးဦးထုပ်ဆောင်းလေးနဲ့ ထားပေးထားပါ။ပြီးရင် ရေနွေးနွေးလေးဖြင့် ဆေးချပေးပါ။

#Pissaya_News

Related posts