28.3.2019 မှ 3.4.2019 အထိ တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ

ဒီကာလအတွင်း ကောင်းမွန်ပြည့်ဝသော မိတ်ဆွေကောင်းတွေအနားမှာမရှိသလောက်ပါပဲ။ မိမိကိုဒုက္ခပေး မဲ့မိတ်ဆွေတွေရှိနေတတ်ပါတယ်။ ဒါလေးကိုတော့သတိထားပါ။ မိသားစုနဲ့ခွဲခွာပြီး ခရီးထွက်ရတာမျိုးတွေလဲ တွေ့ ရကြုံရတတ်ပါတယ်။ အလုပ်နဲ့ပက်သက်ရင်တော့ ပုံမှန်ပါပဲ။ ဆုတ်ယုတ်သွားတာမျိုးလဲ မရှိသလို တိုးပြီးလဲ ကံကောင်းနေတာမျိုးမတွေ့ရပါဘူး။ ငွေကြေးနဲ့ပက်သက်ပြီးတော့လဲ စီစစ်သုံးစွဲဖို့မှာချင်ပါတယ်။ စုမဲစုတာမျိုးတွေ၊ လက်လွတ်စပယ် ငွေချေးလိုက်တာမျိုးတွေရှောင်ပါ။ ကျန်းမာရေးကတော့ မိမိကိုယ်တိုင်လဲ သတိထားသင့်သလို ငယ်ရွယ်တဲ့သားသမီးတွေရှိရင်လဲ ထိုကလေးတွေကို ဂရုစိုက်ပါ။ အလုပ်နဲ့ပက်သက်ပြီး စပ်တူလုပ်ချင်တာတွေရှိ ရင်တော့ ဒီကာလမှာ အမှားမခံပါဘူး။ နားလည်မှုတွေယူမှပဲရပါလိမ့်မယ်။ စပ်တူလုပ်ငန်းတွေလုပ်ထားရင်လဲ အသေးအမွှားကိစ္စပဲဖြစ်ပါစေ …ရှယ်ယာဝင်တွေနဲ့တိုင်ပင်ပြီးမှလုပ်စေချင်ပါတယ်။ လူငယ်တွေအတွက် အချစ်ရေး ကိစ္စတွေမှာတော့ ”အဆင်မပြေပါဘူးဗျာ” ဆိုတဲ့ညည်းညူးသံတွေကြားရမဲ့ကာလပါပဲ။ အိမ်ထောင်ရေးမှာတော့ သားသမီးတွေနဲ့ပက်သက်ပြီးတော့ မိဘချင်းစကားများရတတ်ပါတယ်။ ပညာရေးထင်သလောက်ထွန်းပေါက်မှာ မဟုတ်ပါဘူး။

အကျိုးပေးဂဏန်း 1/9/3
အထူးဟော အလုပ်တွေထဲစိတ်နှစ်ထားပါ။
ယတြာ ဒီအပတ်အတွင်း ကြက်ဥလေးကြော်ပြီးတော့ ရဟန်းသံဃာတွေကိုလောင်းလှူလိုက်ပါ။

တနင်္လာ

ဒီကာလအတွင်း စိတ်မောရတတ်ပါတယ်။ ဒါကြောင့်ပဲ မိမိက နှလုံးသွင်းမှန်ဖို့လိုပါတယ်။ စိတ်ညစ်ရမဲ့ အတွေးတွေကိုခေါင်းထဲထုတ်ပစ်လိုက်ပါ။ ငွေကြေးနဲ့ပက်သက်ပြီးတော့လဲ မလိုအပ်တာတွေဝယ်လို့ ငွေကုန်ရ တတ်ပါတယ်။ လိုချင်တာနဲ့လိုအပ်တာကို ခွဲခြားသိဖို့လိုပါတယ်။ ဒီကာလအတွင်း မိမိရဲ့ စိတ်ကူးအကြံဥာဏ်တွေ ကကောင်းပေးမဲ့ အဖျက်စကားပြောမဲ့သူတွေရှိပါတယ်။ အထက်လူကြီးတွေက မိမိအပေါ်အမြင်မကြည်တာလေး တွေရှိနေတတ်ပါတယ်။ကိုယ်ပိုင်လုပ်ငန်းများ အလုပ်နဲ့ပက်သက်ပြီး Marketing သဘောတွေကိုအခြေခံပြီး လုပ်ငန်း အရှိန်အဟုန်ကိုတိုးမြှင့်သင့်တဲ့ကာလပါပဲ။ လူငယ်တွေဆို မိဘတွေခိုင်းတာကတစ်ခု၊ မိမိလုပ်ချင်တာက တစ်ခုနဲ့ အတိုက်အခံဖြစ်နေရတတ်ပါတယ်။ ကျန်းမာရေးကတော့ အရက်သေစာသောက်စားခြင်းမျိုးနဲ့အပျော်အပါး လိုက်စားခြင်းမျိုးတွေကို အထူးရှောင်နိုင်ရင် ကျန်းမာရေးကမပူရပါဘူး။အချစ်ရေးမှာတော့ သည်းခံခွင့်လွှတ်ပေး နိုင်မှပဲ အဆင်ပြေပါလိမ့်မယ်။ အိမ်ထောာင်ရေးမှာတော့ အကောင်းဘက်များပါတယ်။ ပညာရေးကတော့ မိမိကိုယ် တိုင်သင်ယူလိုစိတ်ကင်းမဲ့နေတတ်ပါတယ်။

အကျိုးပေးဂဏန်း 4/3/2
အထူးဟော အသုံးအစွဲကျစ်လစ်ပါ။
ယတြာ လမ်းဘေးခွေးတွေကို အာဟာရဒါနပြုလိုက်ပါ။

အင်္ဂါ

စိတ်ပိုင်းဖြတ်ထားတဲ့ အလုပ်တွေကို ပြီးဆုံးအောင်လုပ်ပါ။ ရည်ရွယ်ချက်တစ်ခုအတွက် ပန်းတိုင်အသစ် တွေချမှတ်လို့အလွန်ပဲကောင်းပါလိမ့်မယ်။ စိတ်ဆုံးဖြတ်ပြီးရင် နောက်မဆုတ်ဘဲလုပ်တဲ့အကျင့်ရှိသူတွေကတော့ ပိုမိုအောင်မြင်တတ်ပါတယ်။ အားပေးမဲ့သူတွေ ထောက်ခံမဲ့သူတွေလဲရှိနေတတ်ပါတယ်။ ဆေးစစ်ခြင်း၊ဆေးကုသ ခြင်း၊ရောဂါရှာဖွေခြင်းများ ဆောင်ရွက်နိုင်တဲ့ကာလတစ်ခုပါပဲ။ ငွေကံကောင်းနေပေမဲ့ အသုံးအစွဲနားလည်တာ ကြောင့်စုမိဆောင်းမိဖြစ်ရတတ်ပါတယ်။ မခံချင်စိတ်ကိုမွေးပြီးရန်လိုစိတ်ကိုလျော့ချနိုင်သူတွေ ပိုမိုတိုးတတ်ပါလိမ့် မယ်။ ကျန်းမာရေးနဲ့ပက်သက်ပြီး အရင်ကထက်ပိုမိုကောင်းမွန်တာမျိုးတွေကြုံရမှာပါ။ နာတာရှည်ဖြစ်နေသူတောင် မိမိကျန်းမာလာတော့မယ်ဆိုတဲ့ယုံကြည်မှုမျိုးရလာတတ်ပါတယ်။ အချစ်ရေးနဲ့ပက်သက်ပြီးတော့လဲ ချစ်သူနဲ့ အနေ ဝေးနေရတတ်သလို စိတ်ချင်းလဲဝေးနေတတ်ပါတယ်။ ကိုယ့်အလုပ်နဲ့ကိုယ်တွေ့ဖို့ဆုံဖို့ခဲယဉ်းတာမျိုးလဲဖြစ်နိုင်ပါ တယ်။ အိမ်ထောင်ရေးမှာတော့ အညံ့အဆိုးနည်းပါတယ်။ စိတ်ရှည်ပြီးတော့ နားလည်မှုရှိရှိနေထိုင်တတ်ရင် ရပါပြီ။ ပညာရေးကတော့ စူးစမ်းစိတ်ကြောင့်ပဲ အထူးအောင်မြင်မှုတွေကိုရတတ်ပါတယ်။

အကျိုးပေးဂဏန်း 3/5/4
အထူးဟော ကံမြင့်နေမည်။
ယတြာ စားတော်ပဲပြုတ်ကို ပန်းကန်ပြားထဲထည့်ပြီးဘုရားကပ်လှူပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းစိတ်အားဖြည့်အောင် အားပေးကူညီမဲ့သူတွေရှိနေမှာပါ။ လူချစ်လူခင်များနေတဲ့ကာလဖြစ် တာကြောင့်လုပ်ကိုင်ဆောင်ရွက်ရာမှာအဆင်ပြေတတ်တာ၊ မိမိပြောသမျှအောင်မြင်တာမျိုးတွေလဲကြုံရတတ်ပါ တယ်။ မိမိဖြစ်ချင်တာတွေကို အရေးပေးလုပ်ဆောင်နိုင်ပါလိမ့်မယ်။အလှပြုပြင်ခြင်း၊ရွှေငွေလက်ဝတ်ရတနာများ ၀ယ်ယူခြင်းတွေဆောင်ရွက်လို့အထူးကောင်းတဲ့ကာလပါပဲ။ အလုပ်တွေနဲ့ပက်သက်ပြီးတော့ မိသားစုဆန်ဆန် လုပ်ကိုင်ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ကိုယ်ပိုင်လုပ်ငန်းရှင်များ တပည့်မွေးတာမျိုး ၀န်ထမ်းတွေထဲကကြိုးစားသူ တွေကိုချီးမြှောက်တာမျိုးတွေလုပ်သင့်ပါတယ်။ ကျန်းမာရေးကတော့ အညံ့အဆိုးနည်းပါးပါလိမ့်မယ်။ လေ၀မ်းမှန် အောင်နေထိုင်သွားရင်တော့ရပါလိမ့်မယ်။ အချစ်ရေးကိစ္စတွေအဆင်ပြေပါလိမ့်မယ်။ ချစ်ရသူဆီမှ တန်ဖိုးထား စရာလက်ဆောင် မျိုးလဲရလာတတ်ပါတယ်။ အိမ်ထောင်ရေးကိစ္စတွေကိုတော့ မပြေလည်တာတွေရှိရင် ပြေလည် အောင်ဖြေရှင်းပေးနိုင်မဲ့ကာလပါပဲ။ မိသားစုချမ်းမြေ့မဲ့ကာလပါပဲ။ ပညာရေးအတွက်ကတော့ ထင်ထားသည်ထက် ပိုမို ကြိုးစားနိုင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 4/8/6
အထူးဟော စိတ်ချမ်းမြေ့ရမည်။
ယတြာ ရွှေဆိုင်းဘုရားကပ်လှူပါ။

ကြာသပတေး

ဒီကာလအတွင်း ကျေးဇူးရှိသူတွေကို မပြစ်မှားမိပါစေနဲ့။ ကူညီပေးခဲ့သူတွေကို ကျေးဇူးကန်းစကားတွေ ပြောမိလုပ်မိနေတတ်ပါတယ်။ တစ်ခုခုမလုပ်ခင်မှာတော့ သတိကပ်ပြီးမှပဲ လုပ်စေချင်ပါတယ်။ အလုပ်ထဲမှာ ငွေကြေးမြုပ်နှံမှုတွေကို မလုပ်သင့်သေးတဲ့ကာလပါပဲ။ ငွေကြေးဆုံးရှုံးနစ်နာစရာတွေများနေတတ်ပါတယ်။ ရောင်းမှားဝယ်မှာမဖြစ်အောင်သတိထားနေထိုင်သင့်တဲ့နေ့ရက်တွေပါပဲ။ အလုပ်နဲ့ပက်သက်ပြီးတော့လဲ လမ်းသစ် ဖောက်တာမျိုးတွေရှောင်ရှားသင့်တဲ့ကာလတစ်ခုပါပဲ။ အသစ်မလုပ်ဘဲငြိမ်နေတာပိုကောင်းပါတယ်။ ဆရာတု ဆရာယောင်၊ဘိုးတော်တု၊ဘိုးတော်ယောင်တွေရဲ့ လိမ်လည်တာကိုခံရတတ်ပါတယ်။ ကျန်းမာရေးကိုတော့ အဆိုးမရှိပါဘူး။ အလွန်ဆုံးကုသလွယ်တဲ့ မတ်တပ်ဖျားမတ်တပ်နာလောက်ပါပဲ။ ဘာလုပ်လုပ် အရင်းနှီးဆုံး မိတ်ဆွေတွေဆီက အကူအညီတောင်းခံပါ။ အချစ်ရေးကတော့ အဘက်ဘက်ကချစ်သူကမိမိကိုဖေးမမှုတွေရှိနေ ပါလိမ့်မယ်။ ချစ်သူဆီကအင်အားတွေရရှိပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့ အဆိုးထဲကအကောင်းပါပဲ။ အိမ်တွင်းရေး အိမ်ထောင်ရေးသာယာပါလိမ့်မယ်။ ပညာရေးနဲ့ပက်သက်ပြီး ကံမပေးတဲ့အတွက် ဥာဏ်ဝီရိယတွေ ကိုအားထည့်မှရပါလိမ့်မယ်။

အကျိုးပေးဂဏန်း 5/6/7
အထူးဟော ကံအားနည်းနေမည်။
ယတြာ ပဌာန်းရွတ်ဆိုပွားများပါ။

သောကြာ

ဒီကာလအတွင်းစိတ်ချမ်းသာမှုတွေအများအပြားရရှိမဲ့ကာလပါပဲ။ မိသားစုကြား၊ဆွေမျိုးသားချင်းတွေကြား ပျော်စရာကိစ္စလေးတွေကို ကြုံနေရတတ်ပါတယ်။ ခရီးကိစ္စများအဆင်ပြေတတ်ပါတယ်။ ကောင်းသောခရီး အဆင်ပြေမဲ့ခရီးတွေဖြစ်ရတတ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေရဲ့ အကူအညီအထောက်အပံ့တွေကို ရရှိလာမဲ့ နေ့ရက်တွေလဲ ဖြစ်ပါတယ်။ ကိုယ့်အောက်က ၀န်ထမ်းတွေဆီက အကြံကောင်းဥာဏ်ကောင်းတွေလဲရလာတတ် ပါတယ်။ငွေကြေးနဲ့ပက်သက်ပြီးတော့ မိဘတွေဆီကမုန့်ဖိုးရတာမျိုး၊အလုပ်က စုကြေးရတာမျိုးတွေလဲ ကြုံရတတ် ပါတယ်။ အလုပ်သစ်များ၊စီးပွားသစ်များလဲ ဒီကာလမှာစတင်လို့အလွန်ပဲကောင်းပါတယ်။ ကျန်းမာရေးကတော့ အညံ့များပါတယ်။ ဗိုက်နာတာ၊ဗိုက်အောက်တာမျိုးခံစားရရင်တော့ မပေါ့သင့်တဲ့ကာလပါပဲ။ ဆေးမြီးတိုနဲ့ကုသတာ မျိုးတွေမလုပ်မိပါစေနဲ့။ အချစ်ရေးကံကောင်းနေမှာပါ။ စန်းပွင့်နေပါလိမ့်မယ်။အိမ်ထောင်ရေးနဲ့ပက်သက်ရင်လဲ အိမ်ထောင်ဘက်က မိမိကိုစိတ်ချမ်းသာအောင်ထားပါလိမ့်မယ်။ ပညာရေးကတော့ ဒီလိုကာလမျိုးမှာ ပညာအသစ် တစ်ခုစတင်သင်ကြားတာ၊သင်တန်းသစ်တွေတတ်ရောက်တာမျိုးတွေအထူးကောင်းပါတယ်။

အကျိုးပေးဂဏန်း 1/0/6
အထူးဟော ခြေလှမ်းသစ်၊အလုပ်သစ်များစနိုင်ပါသည်။
ယတြာ ပန်းအဖြူ၅ပွင့် ဘုရားကပ်လှူပါ။

စနေ

ဒီကာလအတွင်းကိုယ်ပိုင်စီးပွားများ တဟုန်ထိုးတိုးတတ်ပါလိမ့်မယ်။ ရောင်းပန်းဝယ်ပန်းတွေပွင့်ပြီးတော့ မိမိဆိုင်ဖောက်သည်သစ်တွေတိုးပါလိမ့်မယ်။ မိမိရင်းနှီးမြုပ်နှံထားတဲ့အလုပ်တွေကနေ ငွေပြန်ပေါ်တာမျိုး၊အကျိုး အမြတ်ရတာမျိုးတွေကြုံရတတ်ပါတယ်။ ဖြစ်ချင်တဲ့ကိစ္စတွေကို အောင်မြင်ဖြစ်မြောက်အောင်လုပ်ဆောင်နိုင်ပါ လိမ့်မယ်။ငွေကြေးနဲ့ပက်သက်ပြီးတော့ ရလိုတဲ့ငွေကြေးဥစ္စာတွေရလာတတ်ပါတယ်။ ဘာသာရေးနဲ့ပက်သက်ပြီး သံသရာလွတ်မြောက်ကြောင်း သမထ၊၀ိပဿနာတွေကိုကျင့်ကြံအားထုတ်လို့အလွန်ပဲကောင်းပါတယ်။ ကျန်းမာ ရေးနှင့်ပက်သက်သော အညံ့လေးတွေအနည်းငယ်ကြုံနေရတတ်ပါတယ်။ ချွေးထွက်များပြီးတော့ လူနုန်းတာမျိုး တွေဖြစ်တတ်ပါတယ်။ လိင်မတူသူတွေဆီက အကူအညီကောင်းတွေရလာတတ်ပါတယ်။ အချစ်ရေးနဲ့ပက်သက်ပြီး တော့လဲ ချစ်သူနဲ့အမှတ်ရစရာအချိန်လေးတွေရလာမဲ့ကာလပါပဲ။ အိမ်ထောင်ရေးသာယာပါလိမ့်မယ်။ ဒါပေမဲ့ အိမ်ထောင်သည်များစန်းပွင့်နေတဲ့အတွက် အနေအထိုင်ဆင်ခြင်စေချင်ပါတယ်။ ပညာရေးအတွက်ရလဒ်ကောင်း တွေရလာတတ်ပါတယ်။

အကျိုးပေးဂဏန်း 7/2/1
အထူးဟော စီးပွားတိုးတတ်အောင်မြင်မည်။
ယတြာ နှင်းဆီ ၇ပွင့်ဘုရားကပ်လှူပါ။

#Pissaya_News

Crd;SayarNAL’s FB

Related posts