စိုင်းစိုင်းခမ်းလှိုင် Birthday Show ကို ပြန်လည်ထုတ်လွှင့်ပေးသွားမည်

ဒီကနေ့ ညနေ(၆)နာရီ သုဝဏ္ဏဘူမိမှာကျင်းပပြုလုပ်မယ့် စိုင်းစိုင်းခမ်းလှိုင် Birthday Show ကို တီဗွီရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Channel K မှာ ပြန်လည်ထုတ်လွှင့်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။

အဆိုပါပွဲကို မကြည့်ရှုလိုက်ရတဲ့ ပရိတ်သတ်များအတွက် Media Partner အဖြစ် ပါဝင်ရိုက်ကူးခွင့် ရတဲ့ Channel K မှာ ပြန်လည်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။

ပြန်လည်ထုတ်လွှင့်မယ့် စိုင်းစိုင်းခမ်းလှိုင် Birthday Show ရဲ့အချိန်နဲ့နေ့ရက်ကို ပြန်လည်ကြော်ငြာ ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

#Pissaya_News

Photo;SSKH’s FB

Related posts