ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်ရတော့မယ့် အာဆင်နယ်

မနေ့က ကစားခဲ့တဲ့ အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ အာ ဆင်နယ်အသင်းဟာ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်တနေရာအတွက် ရုန်းကန်ရတော့မယ့် အခြေအနေဖြစ်သွားခဲ့ပါတယ်။

အဝေးကွင်းရလဒ်တွေညံ့ဖျင်းနေတဲ့ အာဆင်နယ်အသင်းဟာ အဲဗာတန်အသင်းရဲ့ တန်ပြန်တိုက်စစ်ကို မထိန်းနိုင်ခဲ့တာကြောင့် အရေးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။

အဲဗာတန်အသင်းရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ပထမပိုင်း ၁၀ မီနစ်မှာပဲ ဂျာဂီရယ်ဂွါက သွင်းယူခဲ့တာဖြစ်ပြီး ဒီရှုံးပွဲကြောင့် အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာ ရဖို့အတွက်ရုန်းကန်ရတော့မှာဖြစ်ပါတယ်။

#Pissaya_Sport

Related posts