မြကျွန်းသာသင်္ကြန်ပွဲတော်ကျင်းပသွားမည်

 CB KMA မှကြီးမှူးတဲ့ မြကျွန်းသာသင်္ကြန်ပွဲတော်ကို ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မြကျွန်းသာမှာ ဧပြီလ(၁၃)ရက်နေ့မှ (၁၆) ရက်နေ့ထိ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
မြကျွန်းသာသင်္ကြန်ပွဲတော်မှာ နိုင်ငံကျော်အနုပညာရှင်များ ပါဝင်ဖျော်ဖြေသွားမှာဖြစ်ပြီး စိုင်းစိုင်း ခမ်းလှိုင် ၊ ရဲလေး ၊ နီနီခင်ဇော် ၊ ရန်အောင် ၊ရဲအောင်တို့က ဖျော်ဖြေပေးသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။
အဆိုပါ ပွဲတော်ကို ဝင်ကြေးအခမဲ့ဖြင့် မည်သူမဆို ပါဝင်သွားနိုင်ပြီး ပျော်ရွှင်စရာဂိမ်းအစီအစဉ်များ ၊ သင်္ကြန်ရိုးရာအစားအစာများအပြင် ၊ တိုင်းရင်းသားရိုးရာ အစားအစာများလည်း ရောင်းချပေးသွားမှာ ဖြစ်ကြောင်းသိရပါတယ်။
#Pissaya_News

Related posts