ရှားစောင်းလက်ပက်ကဘာတွေအသုံးဝင်လဲ

ရှားစောင်းလက်ပက်ကို အသုံးပြုပြီးတော့ မျက်နှာပေါင်းတင်ခြင်း ၊ ဆံပင်ပေါင်းတင်ခြင်း နဲ့ အသားအရည် ပြန်လည်ကောင်းမွန်စေဖို့အတွက် အသုံးပြုကြပါတယ်။ ဒါကြောင့်ရှားစောင်းလက် ပက်က အဲလိုအကျိုးကျေးဇူးတွေအပြင် တခြားဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်လဲဆိုတာကို Pissaya News ပရိတ်သတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

ရှားစောင်းလက်ပက်အသုံးပြုခြင်းရဲ့အကျိုးကျေးဇူးများကတော့

  • မျက်လုံးနာ၊ပူစပ်၊ယားယံကိုက်ခဲခြင်းက ရှားစောင်းလက်ပက်အနှစ်ကိုအသုံးပြုပါက သက်သာ စေနိုင်ပါတယ်။
  • နားထဲမှာ အနာဖြစ်ခြင်း ၊ နားကိုက်ခြင်း ၊နားပိုးဝင်ခြင်းတို့ကိုလည်း ရှားစောင်းလက်ပက်အနှစ် ကို အသုံးပြုပါက သက်သာစေနိုင်ပါတယ်။
  • အမျိုးသမီးမီးယက်ရောဂါကိုလည်း ရှားစောင်းလက်ပက်ဖျော်ရည်သောက်သုံးခြင်းဖြင့် သက် သာစေနိုင်ပါတယ်။
  • ရှားစောင်းလက်ပက်အနှစ်က ရေယုန်နာများကိုလည်းသက်သာစေနိုင်ပါတယ်။
  • အရည်ပြားမှာ အနီပိမ့်များထွက်ခြင်း ၊ အရည်အိတ်တည်ခြင်း ၊ အပူလောင်ခြင်း ၊ပွေး၊ဝဲ ၊ ညှင်း စတဲ့ ရောဂါတွေကို ရှားစောင်းလက်ပက်အနှစ်ကသက်သာပျောက်ကင်းစေနိုင်ပါတယ်။
  • အစာအိမ်နာခြင်း ၊အစာမကြေခြင်း သက်သာစေနိုင်ပြီး အူမကြီးကင်ဆာ ၊ ကင်ဆာကျိတ်တို့ ကိုရပ်တန့်စေကာ အသည်းရောင်ခြင်း ၊အူရောင်ခြင်းတို့ကိုလည်းပျောက်ကင်းစေနိုင်ပါတယ်။
  • သွေးစုနာ၊အကြိတ်ဖုနာ ၊သွေးလုံး၊လေလုံး၊ အဆီဖုများကိုလည်းသက်သာစေနိုင်ပါတယ်။
  • သွေးတွင်းအဆီခဲ ၊သွေးခဲများပိတ်ဆို့ခြင်း များကိုလည်းသက်သာစေနိုင်ပါတယ်။
  • နှလုံရောဂါနဲ့ဆက်စပ်တဲ့လေဖြတ်ခြင်းများကိုလည်း သက်သာစေနိုင်ပါတယ်။
  • ရှားစောင်းလက်ပက်ကိုမီးမြိုက်ပြီးအနှစ်ကိုစားသုံးပေးပါက ရေဖျဥ်းရောဂါကိုသက်သာစေနိုင်ပြီး မီးမြိုက်ပြီးအနှစ်ကိုသကြားနှင့်စားသုံးပါက အမျိုးသမီးအဖြူဆင်းခြင်းကိုသက်သာစေနိုင်ပါ တယ်။
  • ရှားစောင်းအနှစ်ကိုဆန်ဆေးရည်မှာစိမ်ပြီး သကြားထည့်သော်ပါက ဆီးပူ၊ဆီးအောင့်ရောဂါ ၊ဆီးကျောက်တည်ခြင်းကိုသက်သာစေနိုင်ပါတယ်။
  • ဖျော်ရည်လိုသောက်သုံးပါက အအေးမိ ၊ တုပ်ကွေးဖျားနာ ၊ နှာခေါင်းပိတ်ခြင်း ၊လေပြွန်ရောင် ခြင်း ၊ ရင်ပူခြင်းနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများကိုသက်သာစေနိုင်ပါတယ်။
  • ရှားစောင်းလက်ပက်ကိုအစိမ်းလိုက်အနည်းငယ်ဝါးစားနိုင်ပါက အရက်နာကျရောဂါကို သက်သာစေနိုင်ပါတယ်။

#Pissaya_Health

Related posts