နှလုံးသားထဲကပုဂံဓါတ်ပုံပြပွဲ ကျင်းပ

 နှလုံးသားထဲကပုဂံဓါတ်ပုံပြပွဲ ကို ရန်ကုန်မြို့ရှိ Junction City မှာဒီကနေ့နေ့လည် (၂)နာရီက ပြုလုပ်ကျင်းပခဲ့ပါတယ်။

အဇာဘိုင်ဂျန်နိုင်ငံ UNESCO အစည်းအဝေးက ဆုံးဖြတ်ကြေငြာမယ့် ၂၀၁၉ ကမ္ဘာ့အမွေအနှစ်စာ ရင်းကြေညာချက်ကို အခြားနိုင်ငံ(၃၆)နိုင်ရဲ့ အမွေအနှစ်တွေနဲ့အတူ ယှဉ်ပြိုင်အရွေးခံနိုင်ဖို့အတွက် ရည်ရွယ်ကျင်းပတာဖြစ်ကြောင်းသိရပါတယ်။

အဆိုပါဓါတ်ပုံပြပွဲကို ဧပြီလ(၄)ရက်မှစတင်ကာဧပြီလ(၆)ရက်နေ့ထိ Junction Cityမှာ ပြသထားမှာဖြစ်ပြီး ပုဂံအထိမ်းအမှတ်အမှတ်တရလက်ဆောင်များကိုလည်း ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

#Pissaya_News

Photo;Crd

Related posts