နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မြောင်းမြတံတားသစ် တက်ရောက်ဖွင့်လှစ်

နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ မြောင်းမြတံတားသစ်ဖွင့်လှစ်ပွဲအခမ်းအနားကို ဒီကနေ့မနက်ပိုင်းက တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

အခုဖွင့်လှစ်ခဲ့တဲ့ မြောင်းမြတံတားသစ်ဟာ ဂျပန်နည်းပညာနဲ့ တည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲ့ဒီဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဟန်ဇော်နှင့်ပြည်ထောင်စုဝန်ကြီးများ ၊ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းအစိုးရအဖွဲ့ဝင်များ ၊ ပြည်ထောင်စု အဆင့် တိုင်းအဆင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ မြောင်းမြမြို့နှင့်အနီးဝန်းကျင်မှ ပြည်သူများ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

#Pissaya_General News

Related posts