နနွင်းကဘာတွေ အသုံးဝင်လဲ

နနွင်းကတော့ အိမ်တိုင်းလိုလိုမှာ ဟင်းချက်ပြုတ်စားသောက်ရင် ထည့်တဲ့ အမှုန့်တစ်မျိုြးုဖစ်ပါတယ်။ နနွင်းက ဆေးပညာရှင်များရဲ့ သုတေနပြုချက်များအရ ကင်ဆာရောဂါကိုတောင် ကာကွယ်နိုင်စွမ်းရှိ တယ်လို့သိရပါတယ်။ အဆစ်အမြစ်ရောင်တာတွေကို သက်သာစေနိုင်သလို ဆီးချိုရောဂါကိုလည်း ကုသဖို့အတွက်အသုံးပြုနိုင်တယ်လို့သိရပါတယ်။

ဒါကြောင့်နနွင်းကဘယ်လိုမျိုးအသုံးဝင်တာလဲဆိုတာတွေကို Pissaya News ပရိတ်သတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

 

  • ကိုလက်စထရောများနေတဲ့ သူတွေဆိုရင် နနွင်းချက်ပြုတ်စားသောက်တဲ့အခါ ပုံမှန်အသုံးပြုရင် ကိုလက်စထရောကိုလျော့ကျစေနိုင်ပါတယ်။
  • အအေးမိ ၊ ချောင်းဆိုးခြင်းနဲ့ တုပ်ကွေးဖြစ်တာတွေကိုလည်း ကာကွယ်စေနိုင်ပါတယ်။
  • အရေပြားပွန်းပဲ့ပေါက်ပြဲခဲ့ရင်လည်း နနွင်းမှုန့်သိပ်ပေးခြင်းဖြင့် သက်သာနိုင်ပါတယ်။
  • အရေပြားပျက်စီးနေတာတွေ ၊အသားရေမညီမညာဖြစ်ခြင်းကိုလည်း ကုသနိုင်ပါတယ်။
  • အပူလောင်နာတွေအတွက်လည်း နနွင်းကိုသိပ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
  • အဝလွန်နေသူတွေအတွက်လည်း နနွင်းမှုန့်လက်ဖက်ရည်ဇွန်း(၁)ဇွန်းသောက်သုံးပေး ခြင်းဖြင့် လျော့ကျစေနိုင်ပါတယ်။
  • အသက်အရွယ်အပြောင်းအလဲကြောင့် မှတ်ညဏ်ချို့ယွင်းမှုကိုလည်းကာကွယ်စေနိုင်ပါတယ်။
  • အစာမကြေဖြစ်တာတွေ ဆီးအိမ်ဆီးလမ်းကြောင်းနဲ့ အသည်းရောဂါတွေမဖြစ်စေဖို့အတွက် လည်း နနွင်းကကာကွယ်ပေးနိုင်ပါတယ်။

#Pissaya_Health

Related posts