အမြန်လမ်းတွင် မန္တလာမင်းexpressနှင့်canterကား ယဉ်တိုက်မှုဖြစ်ပွား

ရန်ကုန်-မန္တလေး လမ်း မိုင်တိုင် ၂၅၈/၄ အနီးမှာ ဒီကနေ့မနက်ပိုင်းက မန္တလာမင်းexpressနှင့်canterကားတို့ ယဉ်တိုက်မှုဖြစ်ပွားခဲ့ ယာဉ်အကူသေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်အရ ယာဉ်မောင်း ကိုမျိုးမင်းလတ်၊ ၃၀နှစ်၊ ကျိုက်ထိုမြို့နေသူမောင်းနှင်လာတဲ့ ယာဉ်အမှတ် YGN 7P- 2—Yutong အမျိုးအစား အနီရောင် မန္တလာမင်း Express ယာဉ်မောင်း အိပ်ငိုက်ပြီး ရှေ့မှ လားရာတူ မောင်းနှင်နေလာတဲ့ 9K/1—Canter ကုန်တင်ယာဉ်ကို ဝင်ရောက်တိုက်မိခဲ့တာဖြစ်ပါတယ်။
Express ယာဉ်ပေါ်မှာ ယာဉ်မောင်းပါ ကျား ၁၉ဦး၊ မ ၄ဦး၊ ပေါင်း ၂၃ဦးပါရှိပြီး ယာဉ်အကူ အောင်မြတ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အမြန်လမ်းမကြီးရဲတပ်ဖွဲ့  ပေပင်လေး စခန်းမှ တပ်ဖွဲ့ ဝင်များမှ တောင်ညောင်ကုန်တိုက်နယ်ဆေးရုံသို့ တပ်ဖွဲ့ပိုင်ယာဉ်နဲ့ ပို့ဆောင်ခဲ့ ရာ. ဆေးရုံရောက်ရှိချိန်မှာ သေဆုံးခဲ့ကြောင်း သိရပါတယ်။

Related posts