ရန်ကုန် ဗဟိုအမျိုးသမီး ဆေးရုံ အား အပြာရောင်ကဗ္ဗည်းပြား (Blue Plaque) တပ်ဆင်

ရန်ကုန်မြို့၊ လမ်းမတော် မြို့နယ်မှာ ရှိတဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီးကို  ရန်ကုန်မြို့ပြ အမွေအနှစ် နေရာ တစ်ခုအဖြစ်သတ်မှတ်ပြီး မတ်လ (၂၈) ရက်နေ့၊ ဒီကနေ့ မနက်ပိုင်းက အပြာရောင်ကဗ္ဗည်း တပ်ဆင်ခဲ့တယ်လို့ သိရပါတယ်။

အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ပွဲ အခမ်းအနားသို့ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ပြီး ကမ္ဗည်းပြားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အခုတပ်ဆင်တဲ့ အပြာရောင် ကဗ္ဗည်းပြား ဟာ  ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ရဲ့ သမိုင်းဝင်နေရာတွေကို တပ်ဆင်တဲ့ ၂၉ ခုမြောက် အပြာရောင်ကဗ္ဗည်းပြား ဖြစ်တယ်လို့လည်း  သိရပါတယ်။

#Pissaya_News

Photo; YHT’s

Related posts